
နယူးဒေလီ အောက်တိုဘာ ၅
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃၄၆ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၃၈၅၃၀၄၈ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
သေဆုံးသူ ၂၆၃ ဦး ထပ်တိုးလာ
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၂၆၃ ဦး ထပ်တိုးလာ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၄၉၂၆၀ ရှိလာ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးမှုအများဆုံးမှာ ကီရာလာ ပြည်နယ် တောင်ပိုင်းဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာစုစုပေါင်း ၂၅၂၉၀၂ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၉၆၃၉ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၃၃၁၅၀၈၈၆ ဦးရှိလာ ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်