
နယူးဒေလီ ဩဂုတ် ၃၁
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၉၄၁ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၂၇၆၈၈၈၀ ရှိလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။
သေဆုံးသူပေါင်း ၄၃၈၅၆၀ ရှိ
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၃၅၀ ထပ်တိုးလာခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၄၃၈၅၆၀ ရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအများ ဆုံးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူအများဆုံးပြည်နယ်သည် ကီရာလာ ပြည်နယ်ဖြစ်ကြောင်းလည်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၃၇၀၆၄၀ ရှိကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၃၆၂၇၅ ဦးရှိခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သူပေါင်း ၃၁၉၅၉၆၈၀ ရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်