အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၃၈၅၃၀၄၈ ဦးရှိလာ

 

 

နယူးဒေလီ  အောက်တိုဘာ  ၅   


အိန္ဒိယနိုင်ငံတွင်  အောက်တိုဘာလအတွင်း  ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ ၁၈၃၄၆ ဦး  ရှိလာသော ကြောင့် အောက်တိုဘာ  ၅  ရက်တွင်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း   ၃၃၈၅၃၀၄၈ ဦးအထိ   ရှိလာခဲ့ ကြောင်း  ကျန်းမာရေးဝန်ကြီးဌာန၏  နောက်ဆုံးထုတ်ပြန်လိုက်သော  အချက်အလက်များတွင်  ဖော်ပြ ထားသည်။ 
အဆိုပါကာလအတွင်း   ကိုဗစ်-၁၉  ကြောင့်  ထပ်မံသေဆုံးသူ  ၂၆၃ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း   သေဆုံးသူ ၄၄၉၂၆၀ အထိ ရှိလာခဲ့သည်။ 
တစ်နေ့တည်း   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှုအများဆုံးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဖြစ်သည်။ 
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ   ၂၅၂၉၀၂  ဦးအထိ   ရှိလာပြီး လွန်ခဲ့သော  ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၁၅၅၆ ဦးအထိ လျော့နည်းလာခဲ့သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွား ပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၁၅၀၈၈၆ ဦး ရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက် အောက် တိုဘာ ၅ ရက်က  ဆေးရုံမှ ဆင်းလာသူ ၂၉၆၃၉ ဦး ရှိသည်။  
ဆင်ဟွာ