
နယူးဒေလီ နိုဝင်ဘာ ၈
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၁၄၅၁ ဦး ရှိလာသောကြောင့် နိုဝင်ဘာ ၈ ရက်တွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၄၃၆၆၉၈၇ ဦး အထိရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ် ပြန်ခဲ့သော အချက်အလက်များ တွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၂၆၆ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၁၀၅၇ ဦးအထိ ရှိလာခဲ့သည်။
တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ် ဖြစ်သည်။
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၁၄၂၈၂၆ ဦးအထိ ရှိလာပြီး လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၂၀၁၉ ဦး လျော့နည်း ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၆၂ ရက် အတွင်း အနည်းဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၇၆၃၁၀၄ ဦးရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၁၃၂၀၄ ဦးရှိသည်။
ဆင်ဟွာ