
နယူးဒေလီ သြဂုတ် ၃၁
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၃၀၉၄၁ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၃၂၇၆၈၈၈၀ အထိ ရှိလာခဲ့ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် လိုက်သော အချက်အလက်များတွင် ဖော်ပြ ထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံး သူ ၃၅၀ ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၃၈၅၆၀ အထိ ရှိလာ ခဲ့သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် တွင် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူ အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၃၇၀၆၄၀ ရှိသည်။
ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်မှု မှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၃၁၉၅၉၆၈၀ ရှိလာပြီ ဖြစ်သည်။
ဆင်ဟွာ