
နယူးဒေလီ အောက်တိုဘာ ၄
အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၄ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၀၇၉၉ ဦး ရှိလာမှုနှင့်အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းသည် အောက်တိုဘာ ၄ ရက်အထိ ၃၃၈၃၄၇၀၂ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြ ထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၈၀ ရှိလာမှုနှင့် အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၄၈၉၉၇ ဦးအထိ ရောက်ရှိလာခဲ့သည်။ နိုင်ငံအတွင်း လက်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၂၆၄၄၅၈ ဦး ရှိသည်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသည့် ပမာဏသည် ရက်ပေါင်း ၂၀၀ အတွင်း အနည်း ဆုံးဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ဖော်ပြ သည်။
ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၃၃၁၂၁၂၄၇ ဦး ရှိလာ ပြီ ဖြစ်သည်။
ဆင်ဟွာ