
နယူးဒေလီ နိုဝင်ဘာ ၁၅
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၀၂၂၉ ဦးရှိလာသောကြောင့် နိုဝင်ဘာ ၁၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၄၄၇၅၃၆ဦး အထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၂၅ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၃၆၅၅ ဦးအထိ ရှိလာ ခဲ့သည်။
တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ဖြစ်သည်။
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၁၃၄၀၉၆ ဦးအထိ ရှိလာပြီး ရက်ပေါင်း ၅၂၃ ရက်အတွင်း အနည်းဆုံးဖြစ်သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၈၂၂ ဦး ကျဆင်းလျော့နည်းခဲ့သည်။
ဆင်ဟွာ