အိန္ဒိယနှင့် နီပေါနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားရာ လူ ၁၀၀ ကျော်သေဆုံး

 

နယူးဒေလီ  အောက်တိုဘာ   ၂၀ 


အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ 
အိန္ဒိယနိုင်ငံမြောက်ပိုင်း   ဥတရာခန်ပြည်နယ်၌ ရေကြီးမှုကြောင့် သောင်တင်နေသူများကို ကယ်ဆယ် ရန်   ကယ်ဆယ်ရေးများ   ဆောင်ရွက်နေကြောင်း ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်   ရွှံ့ရေများသည်  ကုန်းမြေအတော်များများကို နစ်မြုပ် ဖုံးလွှမ်းသွားခဲ့ကြောင်း အရာရှိများက ပြောသည်။ 
စစ်ဘက်ဆိုင်ရာနှင့် သဘာဝဘေးဒုက္ခစီမံခန့်ခွဲ ရေးအာဏာပိုင်များသည် လှေများနှင့် ရဟတ်ယာဉ် များဖြင့်  ဖြန့်ကြက်ရှာဖွေမှုများ   ပြုလုပ်ခဲ့သော်လည်း လူ   ၄၆   ဦးထက်မနည်း  သေဆုံးခဲ့ကြောင်းနှင့် လူအတော်များများ     ပျောက်ဆုံးလျက်ရှိနေသေး ကြောင်း အတည်ပြုခဲ့သည်။ 
ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက တွစ်တာပေါ်တွင် ကြေကွဲဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ လူတိုင်း ဘေးကင်းပြီး   ကျန်းမာစေဖို့  ဆုတောင်းကြောင်း မိုဒီက ပြောသည်။ 

 


ထို့အပြင်   အိန္ဒိယနိုင်ငံတောင်ပိုင်း  ကီရာလာ ပြည်နယ်တွင်လည်း မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၂၇ ဦး ထက်မနည်း သေဆုံးခဲ့သည်။ နောက်ထပ် မိုးပိုနိုင် ကြောင်း မိုးလေဝသအရာရှိများက သတိပေးထား သည်။ 
ထို့အတူ   အိမ်နီးချင်း   နီပေါနိုင်ငံတွင်လည်း အလားတူဖြစ်ရပ်ကြောင့်       လူဒါဇင်နှင့်ချီ၍ ဒုက္ခရောက်ခဲ့သည်။   နီပေါပြည်ထဲရေးဝန်ကြီးက လူပေါင်း  ၄၈  ဦးထက်မနည်း  သေဆုံးခဲ့ကြောင်း  နှင့်  ၃၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြ ခဲ့သည်။
မိုးရွာသွန်းမှုအများစုသည် နီပေါနိုင်ငံ အရှေ့ပိုင်း နှင့် အနောက်ပိုင်းတွင် ဖြစ်လေ့ရှိသည်။  
ဇွန်လနှင့်    စက်တင်ဘာလကြား  မိုးရာသီ၌ အိန္ဒိယနှင့် နီပေါနိုင်ငံများတွင် အလားတူ သဘာဝ ဘေးဒုက္ခများ   ခံစားရလေ့ရှိသည်။ သို့သော်လည်း မကြာသေးမီနှစ်များက   ပုံမှန်ထက်  မိုးပိုခဲ့သည်။ 


အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ