
နယူးဒေလီ ဒီဇင်ဘာ ၂
အိန္ဒိယအစိုးရက ဒီဇင်ဘာ ၂ ရက် က အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် သစ်ကူးစက်ဖြစ်ပွားသူ နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
ပိုးတွေ့လူနာများမှာ အိန္ဒိယ နိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာ ပြည်နယ်မှ ဖြစ် ကြောင်း ဖော်ပြခဲ့သည်။
ယခုအချိန်အထိ အိန္ဒိယနိုင်ငံ တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် သစ်နှစ်ခုကို တွေ့ရှိခဲ့သည်။ ပိုးတွေ့လူနာနှစ်ဦးသည် ကာနာ တာကာ ပြည်နယ်မှဖြစ်ကြောင်း အဆင့်မြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ အရာရှိတစ်ဦးဖြစ်သူ လက်ဗ်အာဂါဝယ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာဂါဝယ်က အသက် ၆၆ နှစ် နှင့် ၄၆ နှစ်အရွယ် ကူးစက်ခံရသူနှစ်ဦးနှင့်ထိတွေ့ခဲ့သူအားလုံးကို ခြေရာခံနေကြောင်း သိရသည်။
ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံတကာ ခရီးသွားများအတွက် တင်းကျပ် သည့် ဆောင်ရွက်ချက်များကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
ဆင်ဟွာ