အိုလက်စခိုးလ်ကို ဂျာမနီဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်

 

ဘာလင်  ဒီဇင်ဘာ   ၈ 


အိုလက်စခိုးလ်ကို ဂျာမနီဝန်ကြီး ချုပ်သစ်အဖြစ် ဒီဇင်ဘာ ၈ ရက်က ရွေးချယ်ခဲ့ပြီးနောက်   ၎င်းသည် ဆိုရှယ်ဒီမိုကရက်တစ်    ပါတီမှ လေးဦးမြောက်      ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

 


ဂျာမန်အောက်လွှတ်တော် ဥပဒေပြု       အမတ်များသည် ကြားနေမဲ  ခြောက်မဲအပါအဝင် ၃၉၅-၃၀၃ မဲဖြင့် စခိုးလ်ကို ဝန်ကြီး ချုပ်သစ်အဖြစ် ရွေးချယ်ခဲ့သည်။ 

 


ကျန်ရှိနေသော   ဥပဒေပြု အမတ်များသည်   မဲမပေးခြင်း သို့မဟုတ်   ခိုင်လုံမဲမဟုတ်သော မဲများပေးခြင်းတို့ကို    ပြုလုပ်ခဲ့ ကြောင်း       လွှတ်တော်က ဆက်လက်ဖော်ပြထားသည်။ 

 


အိုလက်စခိုးလ်သည် ဘာလင် ရှိ Reichstag အဆောက်အအုံတွင် ဝန်ကြီးချုပ်အဖြစ်    ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ 
ဝန်ကြီးချုပ်သစ်အဖြစ် ရွေး ချယ်ခံရပြီးနောက် အိုလက်စခိုးလ် အား  အသိုင်းအဝိုင်းတူ  ပုဂ္ဂိုလ် များ၏   ချီးကျူးဂုဏ်ပြုခြင်းကို ခံယူခဲ့သည်။                  

ဆင်ဟွာ