အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားခြင်းကို စိုးရိမ်သည့်အတွက် တင်းကျပ်သည့် နယ်စပ်ထိန်းချုပ်မှုများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ဂျပန်ပြော

 

တိုကျို   ဒီဇင်ဘာ   ၂၂ 


အိုမီခရွန်ဗိုင်းရပ်စ်သစ်   ကူးစက် ပျံ့နှံ့မှုကို     စိုးရိမ်သည့်အတွက် ဂျပန်နိုင်ငံသည် ၎င်း၏တင်းကျပ် သည့်    နယ်စပ်ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက် ထားရှိသွားမည်     ဖြစ်ကြောင်း  ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက  ပြောကြားလိုက်သည်။ 

 


၁၆   ရက်ကြာ  လွှတ်တော် အစည်းအဝေး             ပြီးနောက် သတင်းစာရှင်းလင်းပွဲသို့ ပြောကြား ရာတွင် ကီရှီးဒါးက ဂျပန်နိုင်ငံ၌ အစုလိုက် အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှု    မဖြစ်သေး ကြောင်း၊   သို့သော်လည်း   ဂျပန် နိုင်ငံသည် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး လုပ်ငန်းများကို    ကြိုတင်ဆောင် ရွက်ထားနိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်   ရှိကြောင်းနှင့် ကိုဗစ်-၁၉ သောက်ဆေးကိုလည်း  ထုတ်လုပ်နိုင်ရေး   ကြိုးစားလျက် ရှိကြောင်း သိရသည်။ 

 


အိုမီခရွန်ဗိုင်းရပ်စ်သစ် မည်သို့ မည်ပုံကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက် ပြီး သိပ္ပံနည်းကျဆိုင်ရာ အကဲဖြတ် မှတ်ချက်များနှင့်        အိုမီခရွန် ဗိုင်းရပ်စ်သစ်သည် မည်မျှလောက် ပြင်းထန်ကြောင်း ထုတ်ပြန်ဖော်ပြ ခြင်းမရှိသေးကြောင်း  ကီရှီးဒါးက ပြောကြားခဲ့သည်။     ကိုဗစ်-၁၉ ဆန့်ကျင်တားဆီးရေးကို    ဦးစား ပေး  ကိစ္စရပ်တစ်ခုအနေဖြင့် လုပ် ဆောင်သွားမည်       ဖြစ်ကြောင်း အောက်တိုဘာလက ဝန်ကြီးချုပ် တာဝန်          ထမ်းဆောင်ခဲ့သော ကီရှီးဒါးက ဆက်လက်ပြောကြား ခဲ့သည်။ 

 


လတ်တလောတွင်     နယ်စပ် ထိန်းချုပ်ဆောင်ရွက်ချက်များကို သက်တမ်းတိုး    ဆောင်ရွက်သွား မည်ဖြစ်ကြောင်း              ၎င်းက ဆက်လက်     ပြောကြားခဲ့သည်။ ဂျပန်အစိုးရသည် နိုင်ငံရပ်ခြားမှ လာရောက်သူများကို      ဝင်ခွင့် တားမြစ်ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံ တွင်   အမြဲနေထိုင်ခွင့်ရရှိသူများ သည် သက်ဆိုင်ရာနေရာများတွင်  ကွာရန်တင်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။ 

 


ကိုဗစ်-၁၉     ကူးစက်ထား ကြောင်း တွေ့ရှိခဲ့သူများကို အိုမီ ခရွန်     ဗိုင်းရပ်စ်သစ်ကူးစက်ခံ ထားရခြင်းရှိ၊  မရှိ  ထပ်မံ စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။  ဂျပန်နိုင်ငံသည်    လတ်တလော တွင်   ကာကွယ်ဆေးထိုးရေး  အစီ အစဉ်များကို   အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ 


ဆင်ဟွာ