အိုမီခရွန်အတွက် ကာကွယ်ဆေး ရက် ၁၀၀ အတွင်း အဆင်သင့်ဖြစ်နိုင်ဟု ဖိုက်ဇာကုမ္ပဏီပြော

 

 

နယူးယောက် နိုဝင်ဘာ ၃၀
ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန်အတွက် ကာကွယ်ဆေး အသစ်ကို  ရက်ပေါင်း  ၁၀၀  အတွင်း  အဆင်သင့် ဖြစ်နိုင်ကြောင်း  အမေရိကန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် ဖိုက်ဇာကုမ္ပဏီက ပြောသည်။  
ဖိုက်ဇာကုမ္ပဏီမှ စီအီးအိုဖြစ်သူ အဲလ်ဘတ် ဘော်ရယ်လာက     အမေရိကန်တီဗွီကွန်ရက်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 
အကယ်၍ လက်ရှိ ကိုဗစ်  -၁၉  ကာကွယ်ဆေး မှာ  ကာကွယ်ပေးနိုင်စွမ်းလျော့နည်းလျှင် ဖိုက်ဇာ ကုမ္ပဏီသည်  ကာကွယ်ဆေးအသစ်ထုတ်လုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ 
ကာကွယ်ဆေးအတွက် လုပ်ဆောင်ရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်းကိုလည်း   ဆက်လက် ပြောကြားခဲ့သည်။ 
လက်ရှိကာကွယ်ဆေး   အလုပ်မဖြစ်မှသာလျှင် အိုမီခရွန်အတွက် ကာကွယ်ဆေးကို ထုတ်လုပ်မည် ဟု  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။  ဖိုက်ဇာမှ   ကိုဗစ် -၁၉  သောက်ဆေးကိုလည်း ထုတ်လုပ်ထား ကြောင်း ၎င်းက ဆက်ပြောသည်။ အင်န်အိတ်ချ်ကေ