
ဂျီနီဗာ ဒီဇင်ဘာ ၂၁
အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သည် ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ထက် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂီဘရီယီးဆပ်က သတိပေး ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွင်းရေးမှူးချုပ် ဂီဘရီယီးဆပ် က ဒီဇင်ဘာ ၂၀ ရက်တွင် ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ထောက်များအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုပါသတင်းစာရှင်းလင်းပွဲ သည် တစ်နှစ်ခွဲနီးပါးကြာကာလအတွင်း အွန်လိုင်းမှမဟုတ်ဘဲ လူကိုယ်တိုင်တက်ရောက်ခွင့်ရရှိသည့် သတင်းစာရှင်းလင်းပွဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် သည် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူများ သို့မဟုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများ လည်း ကူးစက်ခံရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂီဘရီယီးဆပ်က ပြောကြားသည်။
Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများ ကမူ ၎င်းတို့၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား တတိယ အကြိမ် အပိုဆောင်းထိုးနှံပါက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကို ကာကွယ်ရာတွင် အကျိုးရှိ ထိရောက်နိုင်မည် ဖြစ်ကြောင်း ပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်