အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို ကယ်လီဖိုးနီးယားတွင် ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြရန် အိမ်ဖြူတော်တိုက်တွန်း

 

ဝါရှင်တန်   ဒီဇင်ဘာ   ၂ 


အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားမှု ကို  ကယ်လီဖိုးနီးယားတွင်  ပထမဆုံး  တွေ့ရှိခဲ့ပြီး  နောက် အိမ်ဖြူတော်ဆေးဘက်ဆိုင်ရာ  အကြံပေး အကြီးအကဲ အန်တိုနီဖော်စီက ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားကြရန်    သို့မဟုတ်   အပိုဆောင်း   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။ 

 


ပြည်သူတွေကို ကာကွယ်ဖို့ ဘာလုပ်ရမလဲဆိုတာ  မိမိတို့သိသည်ဟု ဖော်စီက ပြောသည်။ ကာကွယ် ဆေးမထိုးရသေးဘူးဆိုရင် ကာကွယ်ဆေးထိုးကြပါ။  ကာကွယ်ဆေး    အပြည့်အဝထိုးပြီးပြီဆိုရင်      အပို ဆောင်း ကာကွယ်ဆေးထိုးကြပါဟု ဖော်စီက အိမ်ဖြူ တော်  သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် များကို ပြောကြားခဲ့သည်။ 

 


နိုဝင်ဘာ  ၃၀ အထိ အမေရိကန်လူဦးရေ ၁၉၇ ဒသမ ၁ သန်း သို့မဟုတ် လူဦးရေ ၆၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉   ကာကွယ်ဆေး    အပြည့်အဝထိုးပြီးပြီ ဖြစ်ကြောင်း၊  ၄၁  ဒသမ  ၁  သန်းမှာ  အပိုဆောင်း ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံမှု  ခံယူပြီးပြီဖြစ် ကြောင်း     အမေရိကန်    ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ သတင်းထုတ်ပြန်ချက်အရ  သိရသည်။ 
တောင်အာဖရိကမှ  ပြန်လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးထားပြီးသူ တစ်ဦးတွင် နိုဝင်ဘာ ၂၂ ရက်က အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် သစ်    ကူးစက်ခံထားရကြောင်း     စစ်ဆေးတွေ့ရှိခဲ့ သည်ဟု     ကယ်လီဖိုးနီးယား   ကျန်းမာရေးအရာရှိ များက ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု ဖော်စီက  ပြောကြားခဲ့သည်။ 

 


ဒါဟာအရေးကြီးသည့်      အချိန်ဖြစ်ကြောင်း၊ တစ်ယောက်ချင်းစီက  မိမိကိုယ်တိုင်  ကွာရန်တင်း ဝင်ရမည်ဖြစ်ကြောင်းနှင့်   အနီးကပ်  ထိတွေ့ခဲ့သူ အားလုံးကိုလည်း ခြေရာခံခဲ့ပြီး ရသလောက် စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ   ကူးစက်မှု  မတွေ့ရသေး ကြောင်း သိရသည်။ 

 


ကူးစက်ခံရသူမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားသော်လည်း အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုမခံယူထားကြောင်း ဖော်စီက ပြောသည်။  


ဆင်ဟွာ