အိုမီခရွန်ကို တိုက်ဖျက်နိုင်ရေးအတွက် နောက်ထပ်ကာကွယ်ဆေး သန်း၂၀ ထောက်ပံ့ပေးသွားမည်ဟု အီးယူပြော


 

 

ဘရတ်ဆဲ ဒီဇင်ဘာ ၂၀
လာမည့်နှစ် ပထမသုံးလတာအတွင်း  အီးယူအဖွဲ့ဝင်နိုင်ငံ များသို့ နောက်ထပ်ဖိုက်ဇာကာကွယ်ဆေးသန်း ၂၀  ထပ်မံ ရရှိသွားမည်ဟု ဥရောပကော်မရှင်က ဒီဇင်ဘာ ၁၉ ရက် တွင်ပြောသည်။ 
အိုမီခရွန်တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးများ ထောက်ပံ့ပေးသွားမည်ဟု  သိရသည်။     ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ကာကွယ်ဆေးများ ပိုမိုတင်ပို့ပေးရန်  ဥရောပကော်မရှင်နှင့်   ဖိုက်ဇာကုမ္ပဏီတို့    သီတင်းပတ် အနည်းငယ်အတွင်း   စတင်သွားမည်ဟု    ကော်မရှင်က ပြောသည်။ ဇန်နဝါရီလအတွင်း  ကာကွယ်ဆေးငါးသန်း တင်ပို့ပေးမည်ဖြစ်သည်။    
ဖေဖော်ဝါရီလအတွင်း    နောက်ထပ်ကာကွယ်ဆေး ငါးသန်းထပ်မံရရှိမည်ဖြစ်ပြီး  မတ်လအတွင်း  ကာကွယ် ဆေး ၁၀ သန်း ရရှိမည်ဖြစ်သည်။ မော်ဒါးနားဆေးကုမ္ပဏီ က  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့   ကာကွယ်ဆေး ပိုမိုတင်ပို့ပေးမည်ဟု သဘောတူညီချက်ရရှိပြီးနောက် ယခုလို ကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဥရောပ သည် နောက်ထပ်   ကိုဗစ်- ၁၉ လှိုင်းသစ်ကို  ကြံ့ကြံ့ခံ ရင်ဆိုင်နေရသည်။                                             ဆင်ဟွာ