အိုမီခရွန်ကူးစက်မှုပျံ့နှံ့လာသည့်အတွက် အမေရိကန်၌ ကာကွယ်ဆေးထိုးမှုနှုန်း မြင့်မားလာ

 

နယူးယောက် ဒီဇင်ဘာ  ၄


အမေရိကန်ရောဂါထိန်းချုပ်ရေး နှင့်  ကာကွယ်ရေးစင်တာ(စီဒီစီ)  ၏မှတ်တမ်းများအရ    မေလမှ စတင်ကာ  ကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှံမှု အများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာ     ၂     ရက်တွင်  ကာကွယ်ဆေးအလုံးရေ ၂ ဒသမ ၂  သန်း   ထိုးနှံပေးခဲ့ရသည်ဟု သိရသည်။ အချို့သော   ပြည်နယ် များတွင်     အိုမီခရွန်ကူးစက်မှု မှာ   ပျံ့နှံ့လာပြီး    ကျန်းမာရေး အာဏာပိုင်များကလည်း   ပြည်သူ များ ကာကွယ်ဆေးထိုးနှံမှု ခံယူ ကြရန် တိုက်တွန်းထားကြသည်။

 


သတင်းများတွင် အိုမီခရွန် ကူးစက်မှုများအကြောင်း လွှမ်းမိုး နေသော်လည်း    ၉၉ ဒသမ ၉ ရာခိုင်နှုန်းမှာ  ဒယ်လ်တာကူးစက် မှုများပင်ဖြစ်သည်ဟု    စီဒီစီမှ ညွှန်ကြားရေးမှူးဖြစ်သူ  ရိုချဲလီ ဝေလ်လန်စကီးက ပြောသည်။ 

 


ကိုဗစ်-၁၉     မျိုးကွဲနှင့် ပတ်သက်၍  သုတေသီများက သုတေသနပြုနေကြောင်း အိမ်ဖြူ တော်မှ ဆေးဘက်ဆိုင်ရာ  အကြံ ပေးဖြစ်သူ   အန်သိုနီဖောင်ချီက ပြောသည်။  

 


နှစ်ပတ်တာအတွင်း မျိုးကွဲ ၏ ကူးစက်မှုနှင့် ပြင်းထန်မှုအခြေ အနေတို့ကို သိသင့်သည်ဟုလည်း ၎င်းက    ဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိ  ကာကွယ်ဆေး များမှာလည်း တစ်စုံတစ်ခုသော ကာကွယ်မှုများ ပေးနိုင်သည်ဟု ယုံကြည်ဖွယ်ရှိကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

 


အိုမီခရွန်မျိုးကွဲ ကူးစက်ခံရ မှုကြောင့် ဆေးရုံတက်ရသူ အမေရိ ကန်တွင် မရှိသေးကြောင်း ဖော်ပြ ထားသည်။      

အင်န်အိတ်ချ်ကေ