
ဂျီနီဗာ ဒီဇင်ဘာ ၂၁
အိုမီခရွန်မျိုးကွဲမှာ ဒယ်လ်တာမျိုး ကွဲထက်ပို၍ ကူးစက်မှု လျင်မြန် သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ အကြီးအကဲဖြစ်သူက သတိပေးပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်ဒရို့စ် အက်ဒ်ဟာနွန်ဂီဘရီ ယက်ဆုက ဂျီနီဗာမြို့တွင် ဒီဇင် ဘာ ၂၀ ရက်က သတင်းထောက် များကို ပြောကြားခဲ့သည်။
တစ်နှစ်ခွဲနီးပါး ကြာမြင့် ပြီးနောက် ပထမဦးဆုံးအကြိမ် အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ လူကိုယ်တိုင်တွေ့ဆုံသည့် ဆွေးနွေးပွဲလည်းဖြစ်သည်။ ယခု အခါ အိုမီခရွန်သည် ဒယ်လ်တာ ထက်ပို၍ ကူးစက်မှုလျင်မြန် သည်ဆိုသော ကျိုးကြောင်း ဆီလျော်သည့် သက်သေပြချက် များရှိကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ကာကွယ်ဆေး ထိုးပြီးသား ဖြစ်စေ၊ မကြာသေးမီအချိန် အတွင်းကမှ ကိုဗစ် - ၁၉ ကူးစက် ခံထားရာမှ ပြန်လည်ကျန်းမာလာ သူဖြစ်စေ ရောဂါပြန်လည် ကူးစက်နိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းက ပြောသည်။
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးများဖြစ်သည့် ဖိုက်ဇာနှင့် မော်ဒါးနားကုမ္ပဏီတို့သည် ၎င်း တို့ ကုမ္ပဏီထုတ် ကာကွယ် ဆေးများကို တတိယအကြိမ် ထိုးနှံခြင်းဖြင့် အိုမီခရွန် ကူးစက် မှုကို ကာကွယ်ရာတွင် အကျိုး သက်ရောက်မှုရှိသည်ဟု ပြော သည်။ အင်န်အိတ်ချ်ကေ