အိုမီခရွန်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း တောင်အာဖရိကသမ္မတပြော 


 

ကိဗ်တောင်း နိုဝင်ဘာ  ၂၉ 
အိုမီခရွန် မျိုးကွဲကြောင့်     ပြည်သူများ ကိုဗစ်- ၁၉     တိုက်ဖျက်ရေးတွင်    ပါဝင် ဆောင်ရွက်ကြရန်         တောင်အာဖရိက သမ္မတ   ဆီရယ်ရမ်မာဖိုဆာက နိုဝင်ဘာ ၂၉ ရက်တွင်  ပြည်သူများကို  တိုက်တွန်း ခဲ့သည်။ 
ကမ္ဘာ့ကျန်းမာရေး    အဖွဲ့ကြီးက လည်း     အိုမီခရွန်ကို    စိုးရိမ်စရာ ကောင်းသည့်  ကိုဗစ် - ၁၉ မျိုးကွဲဟု ပြောသည်။     တောင်အာဖရိကတွင် ပြီးခဲ့သည့် ၇ ရက်တာကာလအတွင်း   ကူးစက်မှုများ      များပြားလာမှုကြောင့် စိုးရိမ်စရာ    ကောင်းသည်ဟုလည်း    တောင်အာဖရိက သမ္မတက  ပြောသည်။
ကူးစက်မှုသုံးဆ ပိုမိုဖြစ်ပေါ် 
ပြီးခဲ့သည့်    သီတင်းပတ် ကထက်   ကူးစက်မှုသုံးဆ   ပိုမိုဖြစ်ပေါ်ခဲ့သည်။     သို့သော်လည်း     တောင်အာဖရိက နိုင်ငံသားများ အကြောက်မလွန်ကြရန် လည်း သမ္မတက  ပြောသည်။ 
ကာကွယ်ဆေးထိုးရန်တိုက်တွန်း
ပြည်သူများ    ကာကွယ်ဆေးထိုးရန်တိုက်တွန်းခဲ့ပြီး    အရွယ်ရောက်ပြီး သူ ၄၁ ရာခိုင်နှုန်းမှာ    ကာကွယ်ဆေး   အနည်းဆုံးတစ်ကြိမ်   ထိုးပြီးပြီဖြစ် ကြောင်းကိုလည်း   ၎င်းက   ဆက်ပြော သည်။
အများပြည်သူနှင့်  သက်ဆိုင်သည့် နေရာများတွင်     ပါးစပ်၊ နှာခေါင်းစည်း   တပ်ဆင်ခြင်းနှင့်        လူစုလူဝေးများကို    ရှောင်ရှားကြရန်လည်း         ၎င်းက ဆက်ပြောသည်။
တောင်အာဖရိကအပေါ်      အချို့ သောနိုင်ငံများက      ခရီးသွားလာခွင့် ဆိုင်ရာပိတ်ပင်မှုများ    ပြုလုပ်ခဲ့ရာ မမျှတသည့်  ခွဲခြားဆက်ဆံမှုဟု ၎င်းက ပြောကြားသည်။
ချမ်းသာသည့် တိုင်းပြည်များသည် ကာကွယ်ဆေး သာတူညီမျှ ရရှိစေရေး အတွက်    ကြိုးပမ်းအားထုတ်ရမည်ဟု လည်း  ၎င်းက  ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ