
ဝါရှင်တန် နိုဝင်ဘာ ၃၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန်နှင့် ပတ်သက်၍ အစိုးရကို စိတ်ချရန် နိုဝင်ဘာ ၂၉ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။
အိုမီခရွန်ကူးစက်မှုများ အနှေးနှင့်အမြန် ဆိုသလို တွေ့ရှိလာမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါမျိုးကွဲမှာ စိုးရိမ်ရမည့်အရာဖြစ်ပြီး အကြောက် မလွန်သင့်ဟုလည်း ၎င်းက ဆက်ပြောသည်။
အမေရိကန်သည် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အတွက် ကိရိယာ ပိုမိုစုံလင်ကြောင်း သမ္မတကပြော သည်။ မျိုးကွဲသစ်များကို ကာကွယ်ရန်မှာ ကာကွယ် ဆေးအပြည့်ထိုးထားခြင်းပင် ဖြစ်သည်ဟု သမ္မတက ပြောသည်။
ကာကွယ်ဆေးကို အဆင့်မြှင့်တင်ရန်လည်းကာကွယ်ဆေးထုတ်လုပ်သူများနှင့် ၎င်းတို့၏ အစိုးရ အဖွဲ့ဝင်များ အတူ ကြိုးစားလုပ်ကိုင်လျက်ရှိကြောင်း ပြောသည်။ အသေးစိတ်မူဝါဒများကို ဖော်ပြသွားမည် ဖြစ်သည်ဟုလည်းပြောသည်။
အမေရိကန်သမ္မတသည် တောင်အာဖရိကနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ခရီးသွားလာမှု ကန့်သတ်သွားမည်ဖြစ်သည်။ သို့သော်လည်း နောက်ထပ်ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက် များကို ထပ်မံလုပ်ဆောင်ရန် အစီအစဉ်မရှိဟုလည်း သမ္မတဘိုင်ဒင်ကပြောသည်။ အင်န်အိတ်ချ်ကေ