အိုင်အက်စ်နှင့် ဆက်နွှယ်သော စစ်သွေးကြွ ၁၁ ဦးကို အာဖဂန်လုံခြုံရေးတပ်များ ဖမ်းဆီး 


 

ကဘူးလ်  အောက်တိုဘာ   ၅


အာဖဂန်နစ္စတန် ကဘူးလ်မြို့ရှိ အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့်စစ်သွေးကြွ ၁၁ ဦးကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ ကာရီဆေယက်ဖ် ခိုစတီက အောက်တိုဘာ ၅ ရက်တွင် ပြောသည်။ 
အသေးစိတ်အချက်အလက်များကိုမူ ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ကဘူးလ်မြို့တွင် ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အိုင်အက်စ်တို့ကို  ဖမ်းဆီးခြင်းများ  ပြုလုပ်ခဲ့သည်။ အောက်တိုဘာ ၃ ရက် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် အရပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး ၂၀ ဒဏ်ရာရရှိခဲ့သည်။ 
အိုင်အက်စ်များ ပုန်းအောင်းနေသည့်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မွှေနှောက်ရှာဖွေမှုများ ပြုလုပ် ခဲ့ကြပြီး ပုန်းအောင်းသည့်နေရာအဖြစ် အသုံးပြုနေသူအားလုံးကို သတ်ဖြတ်ခဲ့သည်ဟုလည်း အစိုးရအဖွဲ့ သစ် ပြောရေးဆိုခွင့်ရှိသူ ဇာဘိုင်ဟူလာမူဂျာဟစ်က ၎င်း၏ တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ 
ဆင်ဟွာ