
ထရီပိုလီ ဩဂုတ် ၁၃
အက်စ်ထရာဇနီကာ ကိုဗစ် -၁၉ ကာကွယ် ဆေး တတိယအသုတ်ပေးပို့မှုကို လစ်ဗျားနိုင်ငံ က ဩဂုတ် ၁၂ ရက်တွင် လက်ခံရရှိခဲ့သည်ဟု ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီ ဆက်ဖ်)က ပြောသည်။ တတိယအသုတ် ကာကွယ်ဆေးပေးပို့မှုတွင် ကာကွယ်ဆေး အလုံးရေ ၁၁၇၆၀၀ ပါဝင်ပြီး ထရီပိုလီရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပေးပို့ ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများဖြင့်တိုင်းပြည် အတွင်း ကာကွယ်ဆေးထိုးနှံပေးမှုအစီအစဉ် ကိုမြှင့်တင်ပေးနိုင်မည်ဟု ယူနီဆက်ဖ်က ပြော သည်။ လစ်ဗျားနိုင်ငံသည် ကိုဗက် အစီအစဉ် တွင်ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ဧပြီလ အတွင်း ကာကွယ်ဆေးအလုံးရေ ၅၇၆၀၀ လက်ခံရရှိခဲ့ကာ မေလအတွင်း ဒုတိယအသုတ် အဖြစ် ကာကွယ်ဆေးအလုံးရေ ၁၁၇၆၀၀ လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ယူနီဆက်ဖ်က ကြေညာထားသည်။ လစ်ဗျားနိုင်ငံသည်မကြာသေးမီအချိန်အတွင်းကလည်း တရုတ်နိုင်ငံ ထုတ် Sinopharm ကာကွယ်ဆေးများ လက်ခံ ရရှိထားပြီးဖြစ်သည်။ လစ်ဗျားနိုင်ငံတွင် ဩဂုတ် ၁၂ ရက်အထိ ကူးစက်မှုပေါင်း ၂၇၆၇၃၉ ဦး တွေ့ရှိထားပြီးသေဆုံးသူ ၃၈၃၅ ဦးရှိသည်ဟု အမျိုးသားရောဂါ ထိန်းချုပ်ရေး စင်တာ၏ အချက်အလက်များအရ သိရသည်။
ဆင်ဟွာ