
နေပြည်တော် မေ ၂၅
အခြေခံနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ ဆရာမ များသည် ယနေ့တွင် စစ်ရေယာဉ် (မုတ္တမ) ဖြင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက် လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။
လေ့လာရေး ခရီးစဉ်တွင် သင်တန်းသားများ၊ နည်းပြ အုပ်ချုပ်သူနှင့် ဆရာ ဆရာမများ သည် စစ်ရေယာဉ်ဆိုင်ရာ အချက် အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်း ဆိုင်ရာစနစ်များ၊ ရေကြောင်း သွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ စနစ် များနှင့် ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား စိတ်ပါဝင်စားစွာ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်