
နေပြည်တော် မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ အမှတ် (၈) အခြေခံပညာအထက် တန်းကျောင်းကို ယနေ့ နံနက်အစောပိုင်းက အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များ ပညာသင်ကြားမှု အခွင့်အရေးကို လိုလားမှုမရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင် ကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီတွင် ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းကို PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါကျောင်းဝင်း အတွင်း အနာဂတ်လူငယ်၊ လူရွယ်များ အေးချမ်းစွာပညာသင်ကြား နိုင်ရေး တည်ဆောက်ထားသည့် သွပ်မိုး၊ RC နှစ်ထပ်ဆောင်ဖြစ်သည့် “ခရေဆောင်”၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ် “စွယ်တော်ဆောင်”၊ အဆိုပါကျောင်းဆောင်များအတွင်း ထိန်းသိမ်းထားရှိသည့် စာရေးခုံနှင့် ထိုင်ခုံတွဲဆက်ထားသည့် ထိုင်ခုံ အစုံ ၆၀၊ စာရေးခုံ ၄၀၊ ဗီရိုအကြီး ငါးလုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁ သိန်းခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။
ထို့အတူ မေ ၂၈ ရက် မွန်းလွဲ ၂ နာရီ၂၅ မိနစ်တွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြောက်ရွာ ရပ် အာဇာနည်လမ်းပေါ်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်းသို့ PDF အမည်ခံအကြမ်း ဖက်သမားများက လက်လုပ်မိုင်း များဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားနိုင်မှု အခွင့်အရေးများ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပညာ သင်ကြားမှုများ ပေးလျက်ရှိသည့် စာသင်ကျောင်းကို မီးရှို့ဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများ နှင့် မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအားစုံစမ်း ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်