အခွင့်အလမ်းများ ဖန်တီး ဖိဖိစီးစီး အလုပ်လုပ်

 

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လူအင်အားအရင်းအမြစ်ကို အသုံးချရာတွင် လူများအား အတတ်ပညာ၊ နည်းပညာကျွမ်းကျင် မှု ပြည့်ဝအောင်   လေ့ကျင်သင်ကြားပေးရုံမျှဖြင့်   မလုံလောက် သေးဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးတွင် ပါဝင်စွမ်းဆောင်လိုသည့် တက်ကြွသော အင်အား (Dynamic Force) များ ဖြစ်လာစေရန် လည်း ပြုလုပ်ပေးရန်လိုသည်ဟု ပညာရှင်များက ဆိုသည်။ လူတို့ ၏ စွမ်းဆောင်လိုစိတ်ဟူသည်  မွေးရာပါ ဗီဇစိတ်လက္ခဏာအဖြစ် ရှိခြင်းမဟုတ်ဘဲ   ပတ်ဝန်းကျင်အခြေအနေများဖြစ်သည့်   သမိုင်း ဆိုင်ရာ၊   ယဉ်ကျေးမှုနှင့်  ပျိုးထောင်မှုဆိုင်ရာ၊    ရုပ်ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေတို့ကို အကြောင်းပြု၍  ဖွဲ့စည်းဖြစ်ပေါ်လာ သော စိတ်ဓာတ်အရည်အချင်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။


အရှေ့တောင်အာရှ‌‌‌ဒေသ (ပင်မကုန်းမြေပိုင်းတွင်) အကြီးဆုံး သော နိုင်ငံကို  ထူထောင်နိုင်ခဲ့သူများ၊   အရှေ့တောင်အာရှတွင် အစောဆုံးသော မြို့ပြများကို   တည်‌ထောင်နိုင်ခဲ့သူများဖြစ်ကြ သည့် မိမိတို့လူမျိုးများ၏ အရည်အသွေးမှာ ဗီဇအားဖြင့်  နိမ့်ကျ သူများမဟုတ်သည်မှာ လွန်စွာမှပင် သေချာလှသည်၊၊ သို့ရာတွင် မိမိတို့ရှင်သန်ဖြတ်သန်းနေကြသည့် ခေတ်ပြိုင်ကာလအတွင်း အိမ်နီးချင်းနိုင်ငံများ၊ ‌ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပါက  ကဏ္ဍ တိုင်းလိုလို၌ ရှုံးနိမ့်နောက်ကျနေရသည်မှာ မျက်နှာငယ်စရာဖြစ် သည့်အလျောက်  အားနည်းချက်များကို ပြုပြင်၊ လိုအပ်ချက်များ ကို ဖြည့်ဆည်း၍ နိုင်ငံနှင့်လူမျိုးတို့၏ အဆင့်အတန်းကို ကြိုးပမ်း အားထုတ် အမှန်တကယ်အလုပ်လုပ်ခြင်းဖြင့် မြှင့်တင်ကြရမည် ဖြစ်သည်။


“အခြားနိုင်ငံများနှင့်     နှိုင်းယှဉ်ပါက    မိမိတို့နိုင်ငံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၊ တစ်ဧကအထွက်နှုန်းများ၊ သီးထပ်စွမ်းအား များ အားနည်းနေသည်ကို တွေ့ရှိရပြီး လုပ်ငန်းများ အောင်မြင်မှု ရရှိရန် ဖိဖိစီးစီးလုပ်ဆောင်လိုစိတ် အားနည်းခြင်း၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း၊ အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်း ခြင်းတွင် နှစ်ပိုင်းရှိပြီး လိုအပ်သည့် သွင်းအားစုများ ပြည့်စုံစွာ ရရှိနိုင်ရေး ‌ဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်းနှင့် လုပ်ငန်း‌ဆောင် ရွက်သူများကို အားပေးချီးမြှင့်မှု (Incentive) များ လုပ်ဆောင်ပေး ရန် အားနည်းခြင်းတို့ပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၃/၂၀၂၃) အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် က ထည့်သွင်းပြောကြားခဲ့ပြီး “လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိစေရေး ဖိဖိစီးစီးဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ဖော်ဆောင် ဖန်တီးပေးရန်နှင့်  အားပေးချီးမြှင့်မှုများ   ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊   လိုအပ်သည့်သွင်းအားစုများ     ပြည့်စုံစွာရရှိရေးနှင့်     အားပေးချီးမြှင့်မှု (Incentive) များ ဖော်ဆောင်ပေးနိုင်ရေး အစိုးရ မှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” မှာကြားခဲ့သည်။


ပြည်တွင်းကုန်ထုတ်စွမ်းအားစုတွင်  လယ်သမားများ၊ အလုပ် သမားများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ပြီး စိုက်ပျိုး ရေး၊   မွေးမြူရေး၊  စက်မှုလက်မှုလုပ်ငန်းများမှ   ကုန်ကြမ်းများ၊ တစ်ပိုင်းကုန်ကြမ်းများနှင့် ကုန်ချောများ ထုတ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများတွင် ပါဝင်နေသည့် လူအင်အားအရင်းအမြစ် သည်    တစ်ခါတွန်းမှ    တစ်ပတ်လိမ့်သည့်     စိတ်ဓာတ်ခွန်အား နည်းနေသမျှ နိမ့်ကျနေသည့်အခြေအနေမှ ရုန်းထနိုင်မည်မဟုတ် ဘဲ မိမိတို့လုပ်ရမည့်အလုပ်ကို  ကာယ၊  ဉာဏအစွမ်းအစများ စိုက်ထုတ်ကာ   လုံ့လဥဿဟ၊  ဇွဲနပဲဖြင့်   စွဲစွဲမြဲမြဲ၊  စိုက်လိုက် မတ်တတ်  ဆောင်ရွက်လုပ်ကိုင်ကြမှသာ  မြင့်မားသည့်   အခြေ အနေများဆီသို့   တစ်ဆင့်ပြီးတစ်ဆင့်  တက်လှမ်းသွားနိုင်မည် ဖြစ်သည်။


ရာစုသစ်တွင် ကမ္ဘာ၏အချက်အချာသည် အာရှသို့ ရွှေ့ပြောင်း လျက်ရှိပြီး အရှိန်အဟုန်မြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုများဖြင့် အာရှနိုင်ငံများ   ဖွံ့ဖြိုးတိုးတက်လျက်ရှိကြရာ   အဓိကအားဖြင့် အလုပ်လုပ်ကြခြင်းကြောင့် ဖြစ်သည်။ အလုပ်လုပ်ကိုင်နိုင်ရန် အတွက် လိုအပ်သည့် အခွင့်အလမ်းများရရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းနှင့်အတူ အောင်မြင်ရမည်ဟူသော စိတ်ဓာတ် ဖြင့် အားလုံးက ဖိဖိစီးစီးအလုပ်လုပ်ကိုင်ကြခြင်းဖြင့် ကုန်ထုတ် စွမ်းအား မြင့်သည်ထက်မြင့်မားကာ နိုင်ငံတကာတွင် ရင်ပေါင်တန်းနိုင်ပါစေကြောင်း၊၊       ။