အခုအချိန်မှာ မိမိကိုယ်တိုင်ဆင်ခြင်ဖို့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သွားလာ၊ နေထိုင်တာအကုန်လုံး ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားမယ်ဆိုရင် ဒီရောဂါကြီးက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်

Type

တွေ့ဆုံမေးမြန်း - ရွှေရွှေမြင့်၊ အေးအေးစိုး   
ဓာတ်ပုံ - မောင်မောင်သန်း (ပြန်/ဆက်) 

 

 

မေး။    တောင်ကြီးမြို့နယ်မှာ လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ကုသရေး 
    နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့  အခြေအနေ သိချင်ပါတယ်။


ဖြေ။    ကိုဗစ်-၁၉  နဲ့ပတ်သက်ပြီး       ကာကွယ်ရေးနဲ့    ကုသရေး 
    နှစ်ပိုင်းခွဲပြီး  ဆောင်ရွက်လျက်ရှိပါတယ်။    ကာကွယ်ရေးကိစ္စ တွေဆောင်ရွက်နေသလို      ကုသရေးနဲ့ပတ်သက်ပြီး  လစ်ဟင်းမှုမရှိ အောင်  ဆောင်ရွက်ပေးနေပါတယ်။ Stay at Home မြို့နယ်တွေက ပြန်လာသူတွေရှိပြီး နယ်မြေဖြတ်ကျော်ခရီးသွားသူတွေလည်း ရှိတဲ့ အတွက်   ခရီးသွားပြည်သူတွေကို  ကလောမြို့နယ် ရေယားဂိတ်၊ တောင်ကြီးမြို့နယ်  တောင်လေးလုံးခေါင်တိုင်(လမ်းခွဲ)ဂိတ်၊ ရွာငံ မြို့နယ်အပါ  ဂိတ်သုံးဂိတ်   ဖွင့်လှစ်ထားပါတယ်။  ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ လာသူတွေ အားလုံးကို အပူချိန်တိုင်းပါတယ်။ ပြီးရင် ‌အောက်ဆီဂျင်အခြေအနေ ဘယ်လောက်ရှိသလဲ တိုင်းပါတယ်။ အောက်ဆီဂျင်ကျသူ၊ ဖျားနာသူ ရှိရင် အဲဒီမှာတစ်ခါတည်း RDT လို့ ခေါ်တဲ့အမြန်စစ်ဆေးတဲ့ကိရိယာနဲ့ စစ်ဆေးပြီးတော့ Positive  ဖြစ်ရင် Quarantine Center ကို ပို့ပါတယ်။ Negative ဆိုရင်တော့  ရှေ့ဆက်ပြီး ခရီးသွားဖို့ ခွင့်ပြုပါတယ်။ စီးဝင်လာတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး လူတွေကို စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်တာဝန်ရှိသူများက ဆောင်ရွက်နေပါတယ်။ 


မေး။    တောင်ကြီးမြို့နယ်မှာ Quarantine Center နဲ့ပတ်သက်ပြီး  
    ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာကို သိရှိလိုပါတယ်။
ဖြေ။    Quarantine Center      နဲ့ပတ်သက်လို့      မြို့နယ်အလိုက် 
    အများကြီးထားရှိပါတယ်။ တောင်ကြီးမြို့နယ်မှာ Quarantine Center နှစ်ခုရှိတယ်။     တစ်ခုက   မိုးကုတ်ဝိပဿနာကျောင်းမှာ လူ ၁၀၀ နဲ့  ၁၅၀   ထားနိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ခုက အမှတ်(၁) တည်းခိုရေးစခန်း ရွှေညောင်မြို့မှာ Quarantine Center ထားရှိပြီး ဆောင်ရွက်နေပါတယ်။ Contact လိုက်တဲ့အခါ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ပြီး Positive နဲ့ ထိတွေ့သူများ၊ Contact များ၊  Stay at Home မြို့နယ်တွေက လာတဲ့သူတွေကို စစ်‌ဆေးမှု ပြုလုပ်တယ်၊ ရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်နေပါတယ်။ ဒါတော့ Public ပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေပါ။
Swab Center ထားရှိ
အခုဆိုရင် ပြီးခဲ့တဲ့ အပတ် ၅-၇-၂၀၂၁ ရက်နေ့ကစပြီး Call Center စဖွင့်ပါတယ်။ Call Center ကို ရှမ်းပြည်နယ်အစိုးရရုံး (ဟောင်း)ဝင်းထဲမှာ ဖွင့်လှစ်ထားရှိပါတယ်။ Call Center နဲ့အတူတူ ဘေးမှာ ကိုဗစ် - ၁၉  စစ်ဆေးနိုင်တဲ့ Swab Center ထားရှိပါတယ်။ အဲဒီကနေ Swab ယူလို့ Positive ဖြစ်တယ်ဆိုရင် တစ်ခါတည်း မန္တလေးကို ပို့စစ်နိုင်အောင် စီစဉ်ထားရှိပါတယ်။ အခုဆိုရင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ပူးပေါင်းပြီး Quarantine Center တွေ ထပ်ဖွင့်နိုင် အောင်ကြိုးစားနေပါတယ်။ ဖြစ်လာတဲ့အခြေအနေအရ Quarantine Center လုံလောက်မှု   လောလောဆယ်မရှိသေးတဲ့အခါ    ထပ်ပြီး လုံလောက်မှုရှိအောင် ကြိုးစားနေပါတယ်။ နောက်တစ်ခုက Treatment ပိုင်းဆိုင်ရာပါ။ 
အဓိကကတော့ ကိုဗစ်ပိုးရှိရင် ဘယ်သွားကြမလဲလို့ ရင်ဆိုင် နေရတဲ့ ပြဿနာပါ။ အဲဒီပြဿနာက တောင်ကြီးမြို့မှာမဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်နေပါတယ်။ ပထမဦးဆုံး လူနာရဲ့အခြေအနေ ကို ခွဲခြားမယ်။  ခွဲခြားပြီး   တကယ်ကုသဖို့လိုအပ်မယ့်သူတွေကို စဝ်စံထွန်းဆေးရုံကိုပို့ပြီး   ကုသနိုင်အောင်    ကြိုးစားနေပါတယ်။ တကယ်တမ်း  ရောဂါလက္ခဏာလည်းမပြ၊ အနံ့ပျောက်ရုံလေးပဲဖြစ်၊  ကျန်းမာ‌ရေးနဲ့ပတ်သက်ပြီး ကျန်တဲ့ပြဿနာလည်း ဘာမှမဖြစ်၊ သူ့မှာ ရောဂါအခံတွေလည်းမရှိ၊  ဒါဆိုလို့ရှိရင် တစ်နေရာမှာ ထားနိုင်အောင် ကြိုးစားနေပါတယ်။


ကြိုးစားသွားမှာဖြစ်


ပထမဆုံးအနေနဲ့  အမျိုးသမီးနဲ့ ကလေးအထူးကုဆေးရုံကြီး သားဖွားဆောင်နှစ်ထပ်မှာ လူနာ ၇၂ ဦးထားနိုင်အောင် ဆောင်ရွက်ခဲ့ ပါတယ်။ အခုဆိုရင် ၇၂ ဦး ထားနိုင်ပြီဖြစ်ပါတယ်။ အဲဒီစင်တာလည်း ပြည့်သွားပြီထား၊  ဒါပေမယ့်   လူနာက  ဆက်ပြီးထွက်နေဦးမှာပဲ။ ဒါကြောင့် ကျွန်တော်တို့ ထပ်ပြီး တိုးချဲ့နိုင်အောင် ကွန်ပျူတာတက္ကသိုလ် စင်တာကို  ဒီတစ်ပတ်အတွင်း ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီတစ်ပတ်အတွင်း ဖွင့်နိုင်လို့ရှိရင် အနံ့ပျောက်သူ၊   ရောဂါအခံမရှိ သေးသူများကို အဲဒီနေရာမှာထားနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါ တယ်။
 မေး။    အခုဆက်ပြီး       ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးနှံပေးမယ့် 
    အခြေအနေ သိလိုပါတယ်။
ဖြေ။    ကိုဗစ် - ၁၉ ကာကွယ်ဆေးက ကျွန်တော်တို့ အစီအစဉ်အရ 
    ထိုးတာမဟုတ်ပါဘူး။   အစိုးရအဖွဲ့ရဲ့  သတ်မှတ်ချက်ဖြင့် ထိုးရတာဖြစ်ပါတယ်။ စပေးတဲ့ကာကွယ်ဆေးတွေကို ကျွန်တော်တို့ အပြည့်အဝ ထိုးပေးပြီးပါပြီ။ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းဆရာမ၊ အစိုးရရုံးဝန်ထမ်းတွေ  တော်‌တော်များများ ထိုးပြီးပါပြီ။ ကျန်တဲ့ ပြည်သူတွေကို ထိုးနိုင်အောင်လို့ စင်တာများဖွင့်လှစ်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

 


မေး။    Stay at Home ဒေသကလာရင် ဘယ်မှာထားဖို့ စီစဉ်ထားပါ 
    သလဲ။
ဖြေ။    အဲဒါက ဂိတ်တွေက ဖြတ်ရပါတယ်။    Stay at Home   လို့ 
    သတ်မှတ်ထားတဲ့နေရာကလာတဲ့ ပြည်သူများကို Quarantine Center ကိုပို့ပြီး သုံးရက်နေ တစ်ခါစစ်၊ ခုနစ်ရက်နေ တစ်ခါစစ်လို့မှ Negative ဆိုရင် ပေးပြန်ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စစ်ဆေးမှုအတိုင်းအတာမှာ RDT နဲ့  တစ်ရက်ကို  လူဦးရေ ၅၀၀ နဲ့  ၁၀၀၀ ကြားမှာရှိပါတယ်။ RDT နဲ့ စစ်ဆေးမှုကို မန္တလေးကိုပို့ပြီး အရင်က တစ်ပတ်ကို လူဦးရေ ၆၀၀ နဲ့ အခု တစ်ပတ်ကို လူဦးရေ ၂၀၀ သာ ပေးပို့နိုင်ပါတယ်။ 
မေး။    အခု    တောင်ကြီးမြို့မှာ     ကိုဗစ်ပိုးရှိသူ  လူနာတွေအတွက် 
    အောက်ဆီဂျင်ကို   ဘယ်လိုဆောင်ရွက်ထားသလဲဆိုတာ  သိလိုပါတယ်။

 


ဖြေ။    စဝ်စံထွန်းဆေးရုံမှာ အောက်ဆီဂျင်ထုတ်တဲ့စက် တစ်ရက်ကို 
    လီတာ  ၄၀  ဂျေဆိုဒ်အိုးကြီးတွေ တစ်ရက်ကို ရှစ်လုံး ထုတ်နိုင် တယ်။ အောက်ဆီဂျင်အသုံးပြုမှု တစ်ရက်ကို ၁၆ အိုးလောက် လိုအပ် ပါတယ်။ ကိုဗစ်-၁၉  ဖြစ်ပွားသူ လူ  ၁၀၀ မှာ  ၂၀ က အောက်ဆီဂျင်ရှူဖို့ လိုမှာ ဖြစ်ပါတယ်။  ရောဂါသည်းရင် လူတစ်ယောက် နှစ်အိုးနှုန်း လိုအပ်ပါတယ်။ ဆေးရုံအုပ်ကြီးကလည်း အလှူခံပြီးလုပ်နေပါတယ်။ အခုအချိန်ထိ  တောင်ကြီးမြို့နယ်မှာ  အောက်ဆီဂျင်နဲ့ပတ်သက်ပြီး လုံလောက်မှုရှိပါသေးတယ်။ နယ်မြို့များကိုလည်း ခွဲဝေပေးနိုင်ပါတယ်။
မေး။    ဖြည့်စွက်ပြီး ပြောလိုတာရှိရင် ပြောကြားပေးပါ ဆရာ။ 

 


ဖြေ။    ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျန်းမာရေးနှင့် အားကစား 
    ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များအားလုံး ပြည်သူလူထုကိုယ်တိုင် သိရှိလိုက်နာမယ်ဆိုရင် ထိန်းချုပ်နိုင်မှာပါ။ မဟုတ်ရင် ဒီရောဂါက ဆက်ပြန့်သွားမှာပါ။ ကျွန်တော်ထင်သလောက် တော့ ဆိုင်တွေပိတ်ခိုင်းတာ တစ်ပတ်ရှိပြီ။ ပိတ်တဲ့ဆိုင်တွေရှိသလို မပိတ်တဲ့ဆိုင်တွေလည်း ရှိပါတယ်။   ပါဆယ်ရောင်းတဲ့ဆိုင်ရှိသလို ဆိုင်ထိုင်စားတဲ့ဆိုင်တွေလည်းရှိပါတယ်။ အားလုံးစည်းကမ်းလိုက်နာမှု မရှိသေးဘူး။ နောက်တစ်ခုက   စျေးတွေပါ။ စျေးရောင်းသူများက Mask  တပ်တဲ့သူများ၊  မတပ်တဲ့သူများ  ရှိပါတယ်။   စျေးဝယ်သူ လည်းအတူတူပါပဲ။   တပ်ချင်တပ်တယ်၊   မတပ်ချင်  မတပ်ဘူး။ လက်ဆေးရည်မရှိ၊  ရောင်းချင်သလို ရောင်းတယ်။ ဝယ်တဲ့သူကလည်း ဝယ်ချင်သလို ဝယ်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူးစက် တာ သိပ်မြန်ပါတယ်။
တစ်ယောက်ချင်း လိုက်နာရ
နောက်တစ်ခုက Delivery တွေဆိုလို့ရှိရင် သူတို့ဘာသာသူတို့ ဆိုင်က ပါဆယ်သွားဝယ်တယ်။ သွားဝယ်ပြီး လိုက်ပို့တယ်။ သူတို့ ကိုယ်တိုင် Mask မတပ်ဘူး။ လူတွေအများကြီးနဲ့ ထိတွေ့နေရသူ တွေဖြစ်တယ်။ အဲဒီသူတွေကလည်း လိုက်နာမှုမရှိဘူး။ အမှန်ဆိုရင် လူတွေက    တစည်းတလုံးတည်း   လိုက်နာပြီး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက   သတ်မှတ်ထားတဲ့   အမိန့်ညွှန်ကြားချက်၊ စည်းကမ်းများလိုက်နာမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အဓိကက လူတစ်ဦးချင်း၊ တစ်ယောက်ချင်း လိုက်နာရမယ့် အနေအထားဖြစ်ပါ တယ်။ 


ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက်ကြိုးစားနေပါတယ်။ အောက်ဆီဂျင်တွေလည်း  မပြတ်အောင် အများကြီးကြိုးစားနေပါတယ်။ အကူအညီတွေလည်း ရအောင်ကြိုးစားနေပါတယ်။ အခုချိန်မှာ အကူ အညီဆိုတာ အတော်ရှားပါတယ်။  လူတိုင်းက ကိုဗစ် ဒုတိယလှိုင်း ကတည်းက  အတော်ဒုက္ခရောက်နေကြတာပါ။  စီးပွားရေးလည်း အားလုံးကျပ်တည်းနေချိန် အကူညီရဖို့ အတော်ခဲယဉ်းပါတယ်။ အခု အချိန်မှာ မိမိကိုယ်တိုင် ဆင်ခြင်ဖို့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သွားလာ၊ နေထိုင်တာ အကုန်လုံးပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ နေထိုင် ဆောင်ရွက်သွားမယ်ဆိုရင် ဒီရောဂါကြီးက ကာကွယ်နိုင်မှာဖြစ်ပါ တယ်။