
နေပြည်တော် နိုဝင်ဘာ ၂၂
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော် အပါ အဝင် ကျား ၄၃ ဦး၊ မ ခုနစ်ဦး ပေါင်း ၅၀ တို့ကို လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ် မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုတ်မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ် ဗုံး(အကြီး) သုံးလုံး၊ မီးရှို့ လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး (ပေ ၁၀၀) တစ်ခွေ၊ ဒီတိုနေတာ အချောင်း ၈၀၀၊ TNT ယမ်း (သုည ဒသမ ၂၅ ပေါင်) ၁၅၃ တောင့်၊ TNT ယမ်း(တစ်ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁ ဒသမ ၂၅ ပေါင်) ကိုးတောင့်၊ Transistor ၁၄ ဘူး၊ ကီးပက်ဖုန်း ၁၆ လုံး၊ နာရီ ခုနစ် လုံး၊ လမ်းလျှောက်စကားပြောစက် လေးလုံး၊ ဆက်သွယ်ရေးအထိုင်စက် တစ်လုံး၊ ၂ ဒသမ ၅ လက်မသံ ငါးပိဿာ၊ မှန်ပြောင်း နှစ်ခု၊ ဂြိုဟ်တုဖုန်း ၁၃ လုံး၊ Laptop နှစ်လုံး၊ Hard Disk တစ်ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ်စာအုပ် တစ်အုပ်၊ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မည့်စာရင်း များ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့သည့်ဖြစ်စဉ်အား နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်၊၊
တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာ သော်အား (ဘ) ဒေါက်တာမြသော် (မိ) ဒေါက်တာဒေါ်ခင်ဝင်းမေတို့က ၁၉၈၁ ခုနှစ် မတ် ၂၆ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြုဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) ရရှိခဲ့ပြီး အနုပညာ (အဆိုတော်) လုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် တရားမဝင်အသင်း ဖွဲ့စည်းမှု၊ တရားမဝင်ငွေကြေးကိုင်ဆောင် မှုတို့ဖြင့် ထောင်ဒဏ် ခြောက်နှစ် ကျခံခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဇမ္ဗူသီရိ မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရသူ တစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း/ပြည်ပခရီးစဉ်များ၊ စည်းရုံးရေးလှုပ်ရှားမှု များတွင် အနီးကပ်လိုက်ပါခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာ သော်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဆူပူ ဆန္ဒပြမှုများအား ဦးစီးဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဧပြီလမှစ၍ အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ်တို့နှင့် ချိတ်ဆက် ၍ ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ဆောင်ရွက်ပြီး အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သော Special Tesk Force- STF နှင့် People Defence Force-PDF အဖွဲ့ တို့အားဦးစီးကာ အကြမ်းဖက်လုပ်ငန်း များအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာ သော်၏ ထွက်ဆိုချက်အရ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် အတွက် တာဝန်ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် အခြား ဆန့်ကျင်ဘက်ပါတီဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်ရန် နှင့် အပြစ်မဲ့ပြည်သူလူထု ထိတ်လန့် ကြောက်ရွံ့စေရန်ရည်ရွယ်၍ အများ ပြည်သူနှင့် သက်ဆိုင်သောနေရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ အပါအဝင် ပညာသင်ကြားမှုများ ရပ်တန့် စေရန်ရည်ရွယ်၍ စာသင်ကျောင်းများ ကိုပါ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့များအား Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ်မူတည်၍ လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာ သော်၏ ထွက်ဆိုချက်အရ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုများအား ကနဦး ဖော်ထုတ်ရရှိမှုအနေဖြင့် ၁၅ ကြိမ်ရှိကြောင်း သိရှိရသည်။
- ၂၀၂၁ ခုနှစ် မေ ၁၈ ရက်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင်အား သတ်ဖြတ်ရန် အတွက် (STF)အဖွဲ့ဝင် ကိုဂျီထံ ပစ္စတိုတစ်လက် ထုတ်ပေးခဲ့ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးသို့ အကြမ်းဖက် အဖွဲ့ဝင်အချို့က လက်လုပ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်အား စစ်ဆေးရန် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင် (၅၂)နှစ်သည် နေအိမ်တိုက်ခန်းမှ ရုံးသို့ ထွက်လာစဉ် တိုက်ခန်း အောက်လှေကား အရောက်၌ စိစစ်ဆဲ လူတစ်စုက ပစ္စတိုသေနတ် ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးမျိုးလွင်တွင် ဦးခေါင်း တစ်ချက် ထိမှန် သေဆုံးခဲ့သည်။
- မေ ၁၉ ရက်တွင် စမ်းချောင်း မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား ဝင်ရောက်ပစ်ခတ်ရန် အတွက် (STF)အဖွဲ့ဝင် လင်းပိုင်ထံ ပစ္စတို နှစ်လက်အား ထုတ်ပေးခဲ့ရာ မေ ၂၁ ရက်တွင် စမ်းချောင်း မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်အဖွဲ့ဝင် နှစ်ဦးက ပစ္စတိုသေနတ်၊ လက်ပစ်ဗုံး တို့ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
- မေ ၁၉ ရက်တွင် သာကေတ မြို့နယ်ရှိ အပြစ်မဲ့ပြည်သူတစ်ဦး အား ပစ်ခတ်ရန်အတွက် သာကေတ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ကျော်သီဟထံ ပစ္စတို တစ်လက်ထုတ်ပေးခဲ့ရာ မေ ၂၇ ရက်တွင် အမှတ်(၃၄) မာန်ပြေ(၂၀)လမ်း ၃ မာန်ပြေရပ်ကွက် သာကေတ မြို့နယ်နေ အပြစ်မဲ့ပြည်သူတစ်ဦး အား ၎င်း၏နေအိမ်အရှေ့တွင် အကြမ်းဖက်သူ ကျား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သည်။
- မေ ၂၅ ရက်တွင် မရမ်းကုန်း မြို့နယ် (၃)ရပ်ကွက်ရှိ အပြစ်မဲ့ ပြည်သူ ဦးအောင်မင်းအား ပစ်ခတ် ရန်အတွက် (STF) အဖွဲ့ဝင် Sky ထံ ပစ္စတိုတစ်လက် ထုတ်ပေးခဲ့ရာ ဇွန် ၁ ရက်တွင် ဦးအောင်မင်းအား MCC ခန်းမရှေ့၌ အငှားယာဉ် တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။
- ဇွန် ၃ ရက်တွင် ဒေါပုံမြို့နယ် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးထွန်းရီအား ပစ်ခတ်ရန်အတွက် ဒေါပုံမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် နှစ်ဦးထံ ပစ္စတိုတစ်လက် ထုတ်ပေးခဲ့ရာ ဦးထွန်းရီသည် ဒေါပုံမြို့နယ်မှ သန်လျင်မြို့နယ်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာ လာစဉ် မင်းနန္ဒာလမ်းနှင့် ရွှေဖူး မျှော်လမ်းထိပ်အရောက် အကြမ်း ဖက်သမား သုံးဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
b စာမျက်နှာ ၁၄ မှ
- ဇွန်လ ၄ ရက်တွင် သာကေတမြို့ နယ် ၃ မာန်ပြေရပ်ကွက်ရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန် အတွက် (STF) အဖွဲ့ဝင် ကြွက်ထံ ပစ္စတို တစ်လက်ထုတ်ပေးခဲ့ရာ ဇွန်လ ၇ ရက်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသော တပ်ဖွဲ့ဝင်များအား အဖြူရောင်မော်တော်ယာဉ်ပေါ်မှ အကြမ်းဖက်သမား လေးဦးက ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
- ဇူလိုင်လ ၁၁ ရက်တွင် မရမ်းကုန်း မြို့နယ် ဘုရင့်နောင်(၂)ရပ်ကွက်ရှိ “လှသီတာ” ရွှေဆိုင်အား ဓားပြ တိုက်ရန်အတွက် STF အဖွဲ့က ထူးထူးအား ပစ္စတိုတစ်လက်အား ငှားရမ်းပေးခဲ့သည့် ဖြစ်စဉ်တွင် တရားခံ ဝေယံ(ခ) အသေးလေးအား Glock အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ရှစ်တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
- ဇူလိုင်လ စတုတ္ထပတ်တွင် ဒဂုံမြို့ သစ် (မြောက်ပိုင်း)မြို့နယ် ၃၅ ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူတစ်ဦး အား ပစ်ခတ်ရန်အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးထံ ပစ္စတိုတစ်လက် ထုတ်ပေးခဲ့ရာ ဩဂုတ်လ ၅ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၅)ရပ်ကွက် တပင်ရွှေထီးလမ်း အမှတ် (၅၀) မြိုင်မဟာလက်ဖက်ရည် ဆိုင်သို့ အကြမ်းဖက်သမား နှစ်ဦးက လက်နက်ငယ်နှင့် လက်ပစ်ဗုံးတို့ ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
- ဩဂုတ်လ ၁၇ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၅၇ ရပ်ကွက် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ အဖွဲ့ဝင် တစ်ဦးအား ပစ်ခတ်ရန် အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တစ်ဦးထံ ပစ္စတိုတစ်လက် ထုတ်ပေးခဲ့ရာ မိုးကာဝတ်ထား သည့် အကြမ်းဖက်သမား လေးဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
- ဩဂုတ်လ တတိယပတ်တွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအဆင်း လုံခြုံရေးရဲကင်း အား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင်တစ်ဦးထံ ပစ္စတိုနှစ်လက် ထုတ်ပေးခဲ့ရာ ဩဂုတ် ၂၂ ရက် တွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတား အဆင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေ သော တပ်ဖွဲ့ဝင်များအား ယာဉ်ပေါ် မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
- စက်တင်ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့နယ် လှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန် အတွက် Revolution Force အဖွဲ့ ဝင် တစ်ဦးထံ လက်နက်ငယ်များ ထုတ်ပေးခဲ့ရာ စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်တွင် လှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် သမားများက ယာဉ်နောက်ခန်း အတွင်း လက်ပစ်ဗုံးဖြင့်ပစ်ခတ်၍ လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့သော တရားခံ ကျော်စိုးလင်းနှင့် ဝေယံပိုင်အပါ ကျား ၁၆ ဦး၊ မ ၂ ဦး ပေါင်း ၁၈ ဦး နှင့်အတူ လက်နက်ငယ်မျိုးစုံ ငါးလက်၊ ကျည်အိမ်မျိုးစုံ ငါးခု၊ ကျည်မျိုးစုံ ၁၆၆ တောင့်၊ လက်ပစ် ဗုံးမျိုးစုံ လေးလုံး၊ လက်လုပ်ဗုံး ၃၀ လုံး၊ ဒရုန်းတစ်ခုနှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။
- အောက်တိုဘာလ ဒုတိယပတ်တွင် ဗားကရာလမ်းနှင့် အောက် ကြည့်မြင်တိုင် လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းရုံအား ပစ်ခတ် ရန်အတွက် (STF)အဖွဲ့ဝင် S-21 ထံ လက်နက်ငယ်များ ထုတ်ပေးခဲ့ ရာ အောက်တိုဘာလ ၂၃ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် ဗားကရာ မီးပွိုင့်ယာဉ်ထိန်းရုံး၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက် သမားများသည် မော်တော်ယာဉ် တစ်စီးပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး တရားခံ အောင်ပိုင်ဖြိုး၊ ဆွေလင်းအောင်၊ စောဂယ်လ်ဇင်ထူး၊ ဟိန်းထက်အောင်တို့ လေးဦးအား လက်နက်ငယ်မျိုးစုံ ရှစ်လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ အတောင့် ၁၂၂၀၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ ရှေ့ထွက်မိုင်း လေးလုံး၊ မီးခိုး ဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့် (မီးခိုးရောင်) ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
- အောက်တိုဘာ ၂၃ ရက်တွင် ဗိုလ်တထောင်မြို့နယ် ဈေးလမ်း မီးပွိုင့်အနီး ယာဉ်ထိန်းရဲကင်းရုံအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် နှစ်ဦးထံ ပစ္စတိုလေးလက် ထုတ်ပေး ခဲ့ရာ ဗိုလ်တထောင်မြို့နယ် (၃)ရပ်ကွက်ရှိ ယာဉ်ထိန်းရုံးမီးပွိုင့်၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေ သော တပ်ဖွဲ့ဝင်များအား အကြမ်း ဖက်သမား လေးဦးက လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည်။
- အောက်တိုဘာလ တတိယပတ်တွင် ဒေါပုံမြို့နယ် ရဲစခန်းနှင့် လှိုင်မြို့ နယ် ရဲစခန်းတို့အား ပစ်ခတ်ရန် အတွက် UG အဖွဲ့ဝင် 44-ST ထံ M-79 ဗုံးပစ် လောင်ချာ နှစ်လက်၊ ဗုံးသီး ခုနစ်လုံး ထုတ်ပေးခဲ့ရာ အောက်တိုဘာ ၂၇ ရက်တွင် အကြမ်းဖက်သမားများက ဒေါပုံ ရဲစခန်းအား ဒေါပုံသင်္ဘောကျင်း အနီးမှလည်းကောင်း၊ အောက်တိုဘာ လ ၃၁ ရက်တွင် လှိုင်ရဲစခန်းအား လည်းကောင်း M-79 ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ တရား ခံ ကျား ၁၁ ဦး၊ မ ၂ ဦး ပေါင်း ၁၃ ဦးအား FCG 9 သေနတ် ခြောက်လက်၊ ပွိုင့်-၄၅ COLT’s ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ပွိုင့် ၄၅ ကျည် ငါးတောင့်၊ ပွိုင့် ၃၈ ကျည် ၂၀ တောင့်၊ FCG 9 ကျည်အိမ် ရှစ်ခု၊ ပစ္စတို ကျည်အိမ်တစ်ခု၊ လက်လုပ်ဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
- နိုဝင်ဘာလ ၄ ရက်တွင် မရမ်းကုန်း မြို့နယ်ရှိ Mytel GM ဦးသိန်းအောင် အား ပစ်ခတ်ရန်အတွက် (YFA) အဖွဲ့ဝင် တစ်ဦးထံ ပစ္စတိုတစ်လက် ငှားရမ်းပေးခဲ့ကြောင်းနှင့် ပစ်ခတ်မှု ဖြစ်စဉ်တွင် တရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်းနှင့် ဗညားစိုးထက်(ခ) လီယို၊ ဖြိုးအိကျော်နှင့် စိုင်းစည်သူ တို့ လေးဦးအား ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်ထံမှ လက်နက်/ခဲယမ်း များရယူ၍ အကြမ်းဖက်မှု ကျူးလွန်ခဲ့ သော ဖြစ်စဉ်များတွင် တာဝန်ရှိ လုံခြုံရေး အဖွဲ့များနှင့် တာဝန်သိပြည်သူလူထု၏ ပူးပေါင်းဖော်ထုတ်မှုကြောင့် တရားခံ ကျား ၃၄ ဦး၊ မ ၅ ဦး ပေါင်း ၃၉ ဦးတို့အား လက်နက်ငယ်မျိုးစုံ ၂၁ လက်၊ ကျည်အိမ် မျိုးစုံ ၅၀၊ ကျည်မျိုးစုံ ၁၄၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံးမျိုးစုံ လေးလုံး၊ လက်လုပ်ဗုံး ၃၂ လုံး၊ ရှေ့ထွက် မိုင်းလေးလုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ်နှစ်လုံး၊ ယမ်းမှုန့် (မီးခိုးရောင်)ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခုနှင့် ဒရုန်းတစ်ခုတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိ သော တရားခံများအား အမြန်ဆုံး ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ အကြမ်းဖက်ဆောင်ရွက်မှုများအား ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်