
နေပြည်တော် နိုဝင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG၊ PDF စသည့် အဖွဲ့အစည်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အကောင်ထည်ဖော် ဆောင်ရွက် ခြင်း မပြုနိုင်စေရန်၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် နှင့် ပြည်သူလူထုအား အကြောက်တရားလွှမ်းမိုးစေရန်အတွက် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းအမျိုးမျိုးပြ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ရက်ရက် စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက အချို့အသက် သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးခဲ့ရပြီး ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရ သည်-
အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာကွယ်သွား ကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားသည်။
သတင်းစဉ်