
နေပြည်တော် နိုဝင်ဘာ ၂၁
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံတို့ကို ပြန်လည်ကုစား သွားနိုင်ရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရှေ့တန်းကျစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။
ထိုသို့ နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာများကို အစိုးရ၊ တပ်မတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် မလိုလား သည့် အကြမ်းဖက်အုပ်စုများဖြစ်သော CRPH ၊NUG၊ PDF စသည့်အဖွဲ့အစည်းများက နိုင်ငံ့အကျိုး တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ကျန်းမာရေးဝန်ထမ်း ၃ ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်းတွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ့အကျိုးတာဝန်ထမ်းဆောင်နေသောဝန်ထမ်းကောင်းများကို ယခု ကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်