အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တားဆီးကြရန် မေတ္တာရပ်ခံ

 

နေပြည်တော်  ဒီဇင်ဘာ   ၈


CRPH   နှင့်   NUG  အမည်ခံ အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း   အကြမ်းဖက်လုပ်ငန်းများကို   စတင်လုပ်ဆောင်ရန်  စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက် မှုလုပ်ရပ်များကို   ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ထို့သို့  အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဒေသခံပြည်သူများ၏  လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များအပြင် ဘာသာ ရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာများကိုပင် အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်းများကို  နိုင်ငံရေးလက်နက်သဖွယ် အသုံးချလုပ်ဆောင်လျက်ရှိသည်။ 
 

 

ထိုသို့ အကြမ်းဖက်လုပ်ဆောင် မှုများကြောင့် ယနေ့အထိ ရဟန်း သံဃာ ၁၄ ပါး ပျံလွန်တော်မူခဲ့ပြီး အချို့ဒေသများတွင်    ဘုန်းတော် ကြီးကျောင်းများအား       မီးရှို့ ဖျက်ဆီးခြင်း၊       အကြမ်းဖက် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

 


အကြမ်းဖက်သမားများ၏
ဖမ်းဆီးမှုခံရ


၎င်းအပြင် ဒီဇင်ဘာ ၆ ရက် တွင် ချင်းပြည်နယ်  ဖလမ်းမြို့ လုံပီး သာသနရက္ခိတာ ပရိယတ္တိ သာသနာပြု            စာသင်တိုက် ကျောင်းထိုင်ဆရာတော် မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏိကသည် ဖလမ်းမြို့ရှိ လုံပီးသာသနရက္ခိတာ ပရိယတ္တိ သာသနာပြု   စာသင်တိုက်သို့ ဖလမ်းမြို့နယ် လူငယ်သင်တန်း ကျောင်းမှ ဒုဦးစီးမှူး ဦးချစ်စန်း မောင်းနှင်သည့် မော်တော်ယာဉ် ဖြင့် ဖလမ်းမြို့ရှိ ကျောင်းတိုက်သို့ ပြန်လည်ထွက်ခွာလာစဉ် လမ်း ခရီး၌ PDF  အမည်ခံ   အကြမ်း ဖက်သမားများ၏ အကြမ်းဖက်ဖမ်းဆီးမှုကိုခံခဲ့ရသည်။   ထိုသို့ ဖမ်းဆီးခြင်းခံထားရာမှ  ယနေ့ ညနေပိုင်းတွင် ဆရာတော်သည် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရှိရပြီး အတူလိုက်ပါ ခဲ့သည့်  ဒုဦးစီးမှူး   ဦးချစ်စန်း မှာ အကြမ်းဖက်သမားများ၏ ဆက်လက်ဖမ်းဆီးထားခြင်းကို ခံရကာ ပျောက်ဆုံးလျက်ရှိသည်။

 


လက်နက်ငယ်များဖြင့်
အကြောင်းမဲ့ပစ်ခတ်


အလားတူ ဒီဇင်ဘာ ၇ ရက် တမူးမြို့   မြို့မ (၁၄)ရပ်ကွက် လုဗ္ဗနီကျောင်းတိုက်မှ ကျောင်း ထိုင်ဆရာတော်   ဘဒ္ဒန္တဝါယမ အမှူးပြုသော       သံဃာတော် သုံးပါးနှင့် ကပ္ပိယ တစ်ဦးတို့သည် ကျောင်းတိုက်ပိုင်    မော်တော် ယာဉ်ဖြင့် လှည်းဆိပ်ကျေးရွာရှိ အလှူမှ      ပြန်လည်ထွက်ခွာ လာစဉ် မွန်းလွဲ ၂  နာရီခန့်တွင် ချောင်းနက်ကြီးကျေးရွာ အနီးသို့ အရောက် PDF အမည်ခံ အကြမ်း ဖက်သမားများက လက်နက်ငယ် များဖြင့် အကြောင်းမဲ့  ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော် တော်ယာဉ်ပျက်စီးခဲ့ကြောင်း သိရှိ ရသည်။   ထို့အတူ ချင်းပြည်နယ်  မင်းတပ်မြို့နယ်၌   သီတင်းသုံး လျက်ရှိသော         တောင်တန်း သာသနာပြုဆရာတော်  ဘဒ္ဒန္တ ပညာဇောတကိုလည်း ဇွန်  ၁၂ ရက်  ညနေပိုင်းတွင် အကြမ်းဖက် သမားများက    မော်တော်ယာဉ် နှင့်အတူ    အကြမ်းဖက်မီးရှို့ သတ်ဖြတ်ခြင်း   လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

 


အကြမ်းဖက်မှုများကို
လုပ်ဆောင်ရန်မသင့်


ကမ္ဘာပေါ်ရှိ   နိုင်ငံတိုင်းတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲ ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် မှုများရှိသော်လည်း ဘာသာရေး နှင့်ပတ်သက်၍       ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုမျိုး မည်သည့်နိုင်ငံတွင်မှ လုပ်ဆောင် မှုမရှိသည်ကို သတိပြုရန်လိုအပ် ပြီး ထိုသို့ဘာသာရေးနှင့်   ပတ် သက်၍   အကြမ်းဖက်မှုများကို လည်း    လုပ်ဆောင်ရန် မသင့် ကြောင်း သတိပြုမိရန်  လိုအပ် သည်။ မိမိတို့   နိုင်ငံအတွင်းရှိ မည်သည့်       အဖွဲ့အစည်းမဆို ဘာသာရေးနှင့်ပတ်သက်၍ ခြိမ်း ခြောက်ခြင်း၊   အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း များအပါအဝင်    အကြမ်းဖက် လုပ်ရပ်မှန်သမျှကို       ထပ်မံ လုပ်ဆောင်ခြင်းမပြုရန်  လေး နက်စွာ   သတိပေးကြောင်းနှင့် ထိုကဲ့သို့   ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်လာမှုကိုလည်း    ထပ်မံ ဖြစ်ပွားမှုမရှိစေရေး  တိုင်းရင်း သား   ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အပြည့်အဝပူးပေါင်း၍ လက်တွဲတားဆီး   ဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံထား ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။                  

သတင်းစဉ်