အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဧပြီ  ၂၃
အကြမ်းဖက်အုပ်စုအဖြစ်   ကြေညာထားသော   CRPH ၊  NUG  နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်း များ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ   ၃၃(က)နှင့်  တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်   သိမ်းဆည်းခံရနိုင်ကြောင်း  ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင်   နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင် ပြည်နယ် ကော့ကရိတ်မြို့နယ် အမှတ်(၅)ရပ်ကွက်နေ အောင်ကောင်း သန့်သည် ၎င်းအသုံးပြုသည့် “Aung Thant” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နယ် နဝင်းရပ်ကွက်နေ မင်းမင်းဦး(ခ)မိုးသီးသည် ၎င်းအသုံးပြုသည့် “Min Min Oo” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့နယ်    အမှတ်(၆)  ရပ်ကွက်နေ ထက်ခေါင်ဝင်းသည်    ၎င်းအသုံးပြုသည့် “Htet Khaung Win” Facebook   အကောင့်၊   မန္တလေးတိုင်းဒေသကြီး  အောင်မြေသာစံ မြို့နယ်နေ စောယုအောင်သည် ၎င်းအသုံးပြုသည့် “Saw Yu Aung” Facebook အကောင့်၊  ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပ မြို့နယ်  (ဌ)  ရပ်ကွက်နေ ပိုင်စိုး(ခ)အံ့ကျော်နှင့် ၎င်း၏ဇနီးဖြစ်သူ ဇင်မာအောင်တို့သည် ၎င်းတို့အသုံးပြုသည့် “Paing Soe” Facebook အကောင့်နှင့် “Zin Mar Aung”  Facebook အကောင့်၊ ရွှေပြည်သာ မြို့နယ် အမှတ်(၂၄)ရပ်ကွက်နေ တင့်ဝေ(ခ)ကိုတင့်သည် ၎င်းအသုံးပြု သည့် “Ko Tint” Facebook အကောင့်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးခနောင်ရပ်ကွက်နေ သက်ဇော်ဦးသည် ၎င်းအသုံးပြုသည့် “Thet Zaw Oo” Facebook အကောင့်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်  တောင်ရပ်ကွက်နေ ဖိုးတုတ်၊ လင်းလင်းထိုက်နှင့် ချိုချိုစန်း  (ခ) ငယ်ငယ်တို့သည်  ၎င်းတို့အသုံးပြုသည့် “ဖိုးတုတ်” Facebook အကောင့်၊ “Lin Lin Htike” Facebook အကောင့်နှင့် “Cho Cho Sann” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်    တရားဥပဒေနှင့်အညီ   ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ   ထိရောက်စွာ   အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေး သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်