အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်    ဇွန်    ၂၂


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို   အကြောက်တရားများ   ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ   ပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို   လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ   ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်   ပုဒ်မ ၅၀၅-က၊  အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊    မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို    အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက   နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရနိုင်ကြောင်း  ၂၀၂၂ ခုနှစ်  ဇန်နဝါရီ  ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


ထိုကဲ့သို့          အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး        ဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး   ကသာမြို့နယ်   ဇေယျာချောင်ရပ်ကွက်နေ နွေးနွေးအောင်(ခ)မနွေးသည်   ၎င်းအသုံးပြုသည့်   “Nway Nway” Facebook အကောင့်၊    မန္တလေးတိုင်းဒေသကြီး     မိုးကုတ်မြို့နယ် ကျပ်ပြင်ကျေးရွာနေ ရဲမင်းနှင့်   မျိုးထွန်းသည်   ၎င်းတို့အသုံးပြုသည့် “Ye Min” Facebook အကောင့်၊  “Myo Htun”    Facebook  အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်  ရွှေကုန်းရပ်ကွက်နေ သက်စုမွန်သည် ၎င်းအသုံးပြုသည့် “Thet Su”  Facebook အကောင့်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ကျောင်းစု ကျေးရွာနေ  စုစုမြင့်ဦး(ခ)အိစုသည် ၎င်းအသုံးပြုသည့် “EI SU” Facebook အကောင့်၊   ချင်းပြည်နယ်   မတူပီမြို့နယ်   စန်ဘောင်ရပ်ကွက်နေ ဘိုင်ကစ်လျန်သည်    ၎င်းအသုံးပြုသည့်   “Bhine Kait Lyan” Facebook အကောင့်၊  တနင်္သာရီတိုင်းဒေသကြီး   လောင်းလုံးမြို့နယ် နေသူများဖြစ်သည့် ဇော်လတ်၊ ချမ်းမြေ့ဝင်း(ခ)ကိုချမ်း၊  ခြူးဝင့်နွယ်၊  သန့်ဇင်(ခ) လားအို၊  မသီးပို၊  တင်ထွန်း၊   ကလျာဝင်း၊  ဇေယျာဝင်း၊ လှိုင်ထွေးနှင့် စန်းစန်းဌေး(ခ)မီးငယ်တို့သည်    ၎င်းတို့အသုံးပြုသည့် “Zaw Latt” Facebook အကောင့်၊ “Ko Chann” Facebook အကောင့်၊ “Chue Wint Nwe” Facebook အကောင့်၊  “Thant Zin” Facebook အကောင့်၊ “Thee Po”  Facebook  အကောင့်၊  “Tin Htun” Facebook အကောင့်၊    “Klayar Win”  Facebook အကောင့်၊    “Zayar Win” Facebook အကောင့်၊ “Hlaing Htwe” Facebook အကောင့်နှင့် “Mee Nge”   Facebook  အကောင့်၊     နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ရန်အောင်(၂)ရပ်ကွက်နေ ရဲကိုထူးသည် ၎င်းအသုံးပြု သည့် “Ye Ko Htoo” Facebook အကောင့်တို့သည်  အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍   နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။ 

 


ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ  အဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို   ပျက်ပြားစေရန်နှင့်    အစိုးရ ယန္တရားများ  ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ  ပြုလုပ်ခဲ့မှုအပေါ်    အားပေးကူညီခြင်း  ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား  ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်