အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဇူလိုင်   ၇


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏   လက်အောက်ခံအဖွဲ့အစည်းများ၊  ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို   ပျက်ပြားစေရန်နှင့်   ပြည်သူလူထုကို   အကြောက်တရားများ ဖြစ်ပေါ်စေပြီး  အစိုးရယန္တရားများပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို  လူမှုကွန်ရက်များ မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊    ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့်   ပြုလုပ်မှုများ  ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို   ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး    ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်  ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့်  တည်ဆဲဥပဒေ များအရ  အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊  မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်   ဇန်နဝါရီ  ၂၅   ရက်တွင်   နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေး တိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်  စည်သာကျေးရွာနေ ဘိုအောင်(ခ)နေလင်းအောင်သည် ၎င်းအသုံးပြုသည့် “Bo Aung” Facebook အကောင့်၊   မွန်ပြည်နယ်   ကင်မွန်းချောင်းကျေးရွာနေ သန့်ဇင်ဦး(ခ)သန့်ဇင်သည်   ၎င်းအသုံးပြုသည့်  “Thant Zin Oo”Facebook အကောင့်၊   ရန်ကုန်တိုင်းဒေသကြီး   သန်လျင်မြို့နယ်   အုတ်ဖိုစု ရပ်ကွက်နေ စန္ဒာထွန်းသည် ၎င်းအသုံးပြုသည့် “Sandar Htun” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်  ပြည်တော်သာ ၅ လမ်း   မဇင်းရပ်ကွက်နေ  သက်ပိုင်စိုး(ခ)မဲကြီး(ခ) စိုးကြီးသည် ၎င်းအသုံးပြုသည့်   “Soe Gyi” Facebook   အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ  ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ  ဆောင်ရွက် ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည်    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို    ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ   ပျက်ပြားစေရန်ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ်   အားပေးကူညီခြင်း    ပြုလုပ်ခဲ့ သူများကို   ဥပဒေနှင့်အညီ   ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်းနှင့်   ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား  ဆက်လက် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။     


သတင်းစဉ်