အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်    ဇွန်   ၁၆


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏   လက်အောက်ခံအဖွဲ့အစည်းများ၊  ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊   ခြိမ်းခြောက်ခြင်းများကို  လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊   မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၅)ရပ်ကွက်နေ ယဉ်မာကျော် (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Mar Kyaw” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၁)ရပ်ကွက် နေ ကျော်လှသန်းဦး (ခ) နန္ဒာမိုးမြင့် (၃၅)နှစ်သည် ၎င်းအသုံးပြုသည့် “Kyaw Hla Than Oo” Facebook အကောင့်၊ အလုံမြို့နယ် ကရင်ခြံ ကျေးရပ်ကွက်နေ ငြိမ်းကိုသူ (၂၂)နှစ်သည် ၎င်းအသုံးပြုသည့် “Nyein Ko Thu” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး  ပြည်ကြီး တံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်နေ သီတာဌေး (၃၉)နှစ်သည် ၎င်းအသုံးပြု သည့် “Thidar Htay” Tik Tok အကောင့်နှင့် ပြင်ဦးလွင်မြို့နယ် ဈေးကုန်းရပ်ကွက်နေ   အာကာမိုးမြင့်   (၁၇)  နှစ်သည်  ၎င်းအသုံးပြု သည့် “Ar Kar Moe Myint” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ်   မျက်ကွယ်ပြု၍   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို    ပျက်ပြားစေရန်   ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ   ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်   တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း  အမှုဖွင့်လှစ်အရေးယူခြင်းများ  ဆောင်ရွက် ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရား များ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား  ဆက်လက်ဖော်ထုတ်  အရေးယူသွားမည်ဖြစ် ကြောင်း  သိရသည်။


သတင်းစဉ်