အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၅


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ် လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှု များ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို  အကြမ်းဖက်မှု   တိုက်ဖျက်ရေး ဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား  စီရင်ခြင်းခံရပါက နိုင်ငံတော်       ဘဏ္ဍာအဖြစ် သိမ်းဆည်း     ခံရနိုင်ကြောင်း ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့    အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး   ဖြစ်သော်လည်း နေပြည်တော်    ပြည်ထောင်စု နယ်မြေ     ပျဉ်းမနားမြို့နယ်နေ ကျော်စွာသည် ၎င်းအသုံးပြုသည့် “Kyaw    Swar”   Facebook အကောင့်၊   စစ်ကိုင်းတိုင်းဒေသ ကြီး ဒီပဲယင်းမြို့နယ်နေ ခင်စော မျိုးဝင်းသည်  ၎င်းအသုံးပြုသည့် “Khin Saw Myo Win” Facebook အကောင့်၊       တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက်နေ ဘိုဘိုဇော် (၃၆)နှစ်သည်    ၎င်းအသုံးပြု သည့် “Bo Bo Zaw”    Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နေ ယွန်းညိုချောသည် ၎င်းအသုံး ပြုသည့် “Yoon Nyo  Chaw” Facebook အကောင့်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ ခိုင်ချမ်း မြေ့သည်    ၎င်းအသုံးပြုသည့် “Khaing Chan Myae” Facebook အကောင့်၊   လသာမြို့နယ်နေ တင်ကိုဇော်သည်  ၎င်းအသုံးပြု သည့် “Tin Ko Zaw” Facebook အကောင့်၊  လမ်းမတော်မြို့နယ် ရှိ ကျော်သီဟသည် ၎င်းအသုံးပြု သည့် “Kyaw Thiha”Facebook အကောင့်၊   အင်းစိန်မြို့နယ်နေ ဌေးဌေးလှိုင်သည် ၎င်းအသုံးပြု သည့် “Htay   Htay  Hlaing” Facebook အကောင့်၊ ရှမ်းပြည် နယ်(တောင်ပိုင်း) ကလောမြို့နယ် နေ ဖြူဖွေးသည် ၎င်းအသုံးပြုသည့် “Phwe   Phwe”  Facebook အကောင့်၊ ကလောမြို့နယ် ဟဲဟိုး မြို့  ရွာသစ်ရပ်ကွက်နေ ဇာခြည် ဝင်း (ခ)အေးမြချမ်း (၃၇)နှစ်သည် ၎င်းအသုံးပြုသည့် “Zar Chi Win” Facebok အကောင့်နှင့် ညောင်ရွှေ မြို့နယ်နေ   အောင်သန်းကျော် သည် ၎င်းအသုံးပြုသည့် “Aung Than Kyaw” Facebook အကောင့် တို့သည် အသိပေးသတင်းထုတ်ပြန် ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံ တော်   တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ   ပြုမူ  လုပ်ဆောင်ခဲ့သည့်အတွက်   တရားဥပဒေနှင့်အညီ    ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူ ခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏   လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ် နေသော       အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်    အစိုးရယန္တရားများ ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ်   အားပေးကူညီ ခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း  သက်ဆိုင်ရာ က သတင်းထုတ်ပြန်ထားသည်။


သတင်းစဉ်