အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၈


အကြမ်းဖက်အုပ်စုအဖြစ်    ကြေညာထားသော   CRPH၊   NUG   နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များ မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်  မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများ ပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ် ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ  ၁၂၄-က  နှင့်  ပုဒ်မ  ၅၀၅-က၊  အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ   ၃၃    (က)   နှင့်    တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက  နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရနိုင်ကြောင်း  ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း(အရှေ့)ရပ်ကွက်နေ မြနိုင် သည် ၎င်းအသုံးပြုသည့် “Mya Naing” Facebook အကောင့်၊ မင်္ဂလာဒုံ မြို့နယ်နေ ကေခိုင်ဝင်းသည် ၎င်းအသုံးပြုသည့် “Kay Kahing Win” Facebook  အကောင့်၊  ရွှေပြည်သာမြို့နယ်  (၁၀/၃၄)ရပ်ကွက်နေ ထက်အောင်ကိုကိုသည် ၎င်းအသုံးပြုသည့် “Htet Aung Ko Ko” Facebook အကောင့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရေအုပ်ကန် ကျေးရွာနေ အောင်ကိုငြိမ်းသည် ၎င်းအသုံးပြုသည့် “Aung Ko Nyein” Facebook အကောင့်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေး မြို့နယ် အင်းသာကျေးရွာနေ သီဟထွန်း(ခ)သားသားသည် ၎င်းအသုံး ပြုသည့် “Thiha Tun” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး  မကွေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ အောင်ခိုင်ဦးသည် ၎င်းအသုံး ပြုသည့်   “Aung Khaing Oo”   Facebook   အကောင့်၊ ရန်ကုန်  တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နေ အာကာကျော်သည် ၎င်းအသုံးပြုသည့်   “Arkar Kyaw”   Facebook   အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊  NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်  ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို   ပျက်ပြားစေရန်နှင့်   အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား    ဆက်လက်ဖော်ထုတ်    အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။                                                  

သတင်းစဉ်