
နေပြည်တော် ဇူလိုင် ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်နေ ဒေါက်တာ ကြည်သာသည် ၎င်းအသုံးပြုသည့် “Kyi Tha” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အမှတ်(၃)ရပ်ကွက် အိန္ဒာ ရပ်နေ ပြည့်ဖြိုးလျှံဝေ(ခ)ဖြိုးဝေသည် ၎င်းအသုံးပြုသည့် “Pyae Phyo” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကန်ဖျားရပ်ကွက်နေ ထွန်းမြတ်ဖြိုး(ခ)စုကမ်းငယ်သည် ၎င်းအသုံးပြု သည့် “Tun Myat Phyo” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဘိုးပိုက်ဆံ(၃)ရပ်ကွက်နေ စောခူစေး(ခ)စောပီးနံ(ခ)ကရင်သည် ၎င်းအသုံးပြုသည့် “Ka Yin” Facebook အကောင့်၊ ပြည်မြို့နယ် ပြည်သာယာရပ်ကွက်နေ ဆလိုင်းကျော်ထွေး သည် ၎င်းအသုံးပြုသည့် “Saline Kyaw Htwe” Facebook အကောင့်၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ စိုင်းဝဏ္ဏကျော်(ခ)လူပျိုကြီးနှင့် ထွန်းထွန်းဇော်(ခ)အစေ့ကေတို့သည် ၎င်းတို့အသုံးပြု သည့် “Sai Wunna Kyaw” Facebook အကောင့်နှင့် “Tun Tun Zaw” Facebook အကောင့်၊ ကျောက်တော်မြို့နယ် ပြည်တော်သာ ရပ်ကွက်နေ ဇော်ဝင်း(ခ)လူထုဇော်ဝင်းသည် ၎င်းအသုံးပြုသည့် “Zaw Win” Facebook အကောင့်၊ မြောက်ဦးမြို့နယ် ကျောက်ရာဇ်ကေ ရပ်ကွက်နေ ကျော်ဝင်းလှိုင်သည် ၎င်းအသုံးပြုသည့် “Kyaw Win Hlaing” Facebook အကောင့်၊ ကျောက်တော်မြို့နယ် ခေါင်တုတ် ကျေးရွာနေ ကျော်သန်းမောင်သည် ၎င်းအသုံးပြုသည့် “Kyaw Than Maung” Facebook အကောင့်၊ မင်းဂံရပ်ကွက်နေ ဇော်မိုးထက်သည် ၎င်းအသုံးပြုသည့် “Zaw Moe Htet” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်နေ မျိုးမင်းသောင်းသည် ၎င်းအသုံးပြုသည့် “Myo Min Thaung” Facebook အကောင့်၊ စိန်ပန်းရပ်ကွက်နေ ထွန်းလင်း သည် ၎င်းအသုံးပြုသည့် “Htun Lin” Facebook အကောင့်၊ ပြင်ဦးလွင်မြို့နယ် ပြည်သာယာလမ်းသွယ် ရပ်ကွက်ကြီး(၈)နေ အောင်မင်းခန့်(ခ)ဒါဒါနှင့် ရွှေကောင်းကင်(ခ)သားကြီးတို့သည် ၎င်း တို့အသုံးပြုသည့် “Dar Dar” Facebook အကောင့်၊ “Shwe Sky” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၄)ရပ်ကွက်နေ ကြည်ကြည်ခိုင်(ခ)ချောစုသည် ၎င်းအသုံး ပြုသည့် “Chaw Su” Facebook အကောင့်၊ အလုံမြို့နယ် မြင်းခြံ ရပ်ကွက်နေ သန်းထိုက်ဇော်(ခ) ဖက်တီးသည် ၎င်းအသုံးပြုသည့် “Fattee” Facebook အကောင့်၊ ကျောက်တံတားမြို့နယ် အမှတ် (၃)ရပ်ကွက်နေ လှလှဝင်းသည် ၎င်းအသုံးပြုသည့် “Hla Hla Win” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်