အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဇူလိုင်  ၂၉


အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားသော  CRPH ၊ NUG  နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေ သော  အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို  အကြောက် တရားများ   ဖြစ်ပေါ်စေပြီး  အစိုးရယန္တရားများ  ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊  အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ  အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့်သက်ဆိုင်သည့်  ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရခိုင် ပြည်နယ် သံတွဲမြို့နယ် အမှတ်(၃)ရပ်ကွက်နေ အောင်ကျော်ဇင်သည် ၎င်းအသုံးပြုသည့်   “Htout Phone” Facebook  အကောင့်၊ ကျောက်ဖြူမြို့နယ် စံပါယ်ချောင်းကျေးရွာနေ တင်မျိုးထွန်း(ခ)ဒူးရှည်  သည် ၎င်းအသုံးပြုသည့်  “Tin Myo Htun” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် နန်းဦးမြို့သစ်ရပ်ကွက်နေ သိမ့်သီရိထိုက်သည် ၎င်းအသုံးပြုသည့် “Thein Thin Htike” Face-book အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရုံးကြီးရပ်ကွက်နေ သန့်ဇင်ဟိန်း(ခ)အရိုးသည် ၎င်းအသုံးပြုသည့် “A Yoe” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၄၂)ရပ်ကွက်နေ ပြည့်ဖြိုးအောင်(ခ)ဖက်တီးသည် ၎င်းအသုံး ပြုသည့် “Fat Tee” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်   အောင်မင်္ဂလာရပ်ကွက်နေ    မင်းသုခ(ခ)အောင်မင်းခန့်သည် ၎င်းအသုံးပြုသည့် “Min  Thukha” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ  ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ   ထိရောက်စွာ   အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်