အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဧပြီ   ၂၇


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊    ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊  ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ  ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်  ပုဒ်မ ၅၀၅-က၊  အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)   နှင့်      တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်  ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို  အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်    သိမ်းဆည်းခံရနိုင်ကြောင်း   ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်   အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့      အသိပေး   သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး  ဖောင်းပြင်မြို့နယ်  ကျွန်းရွှေဝါရပ်ကွက်နေ ထိန်လင်းသည် ၎င်းအသုံးပြုသည့် “ထိန်လင်း”  Facebook   အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် နဝင်းရပ်ကွက်နေ   မင်းခန့်စိုး(ခ)ကောင်းမြတ်စိုးသည် ၎င်းအသုံးပြုသည့် “Min Khant Soe” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၄)ရပ်ကွက် ဆန်တန်းရပ်နေ သီဟသည်  ၎င်းအသုံးပြုသည့် “Thiha” Facebook အကောင့်၊ ပခုက္ကူမြို့နယ် ထန်းတောချောင်ကျေးရွာနေ  ဦးကံ(ခ)ရိုးခတ်သည် ၎င်းအသုံးပြုသည့်  “Yoe Khat” Facebook အကောင့်၊ မြိုင်မြို့နယ် ရေမျက်နီကျေးရွာနေ နှင်းပွင့်ဖြူသည်  ၎င်းအသုံး ပြုသည့် “Hinn Pwint Phyu” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ မငယ်နှင့် ၎င်း၏ ခင်ပွန်း ချမ်းငြိမ်းထိုက်တို့သည်   ၎င်းတို့အသုံးပြု သည့် “Ma Ngal” Facebook အကောင့်နှင့် “Chan Nyein Htike” Facebook အကောင့်၊ ချမ်းမြသာစည်မြို့နယ် စိတ္တရမဟီရပ်ကွက်နေ သီဟဇော်(ခ)ဇော်သီဟ သည် ၎င်းအသုံးပြုသည့် “Thiha Zaw” Facebook အကောင့်၊ အောင်မြေသာစံမြို့နယ်  ဒေါနဘွားရပ်ကွက်နေ   ထက်အောင်သည် ၎င်းအသုံးပြုသည့် “Htet Aung” Facebook အကောင့်၊ ညောင်ဦး မြို့နယ် အမှတ်(၄)ရပ်ကွက်နေ   ရဲထက်ဦးသည်  ၎င်းအသုံးပြုသည့် “Ye Htet Oo” Facebook အကောင့်၊ ညောင်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်နေ ဝင်းခိုင်သည်    ၎င်းအသုံးပြုသည့်   “Win Khaing” Facebook အကောင့်၊    ညောင်ဦးမြို့နယ်   အမှတ်(၁)ရပ်ကွက်နေ ဇော်ဇော်သည် ၎င်းအသုံးပြုသည့် “Zaw Zaw” Facebook အကောင့်၊ ချမ်းအေးသာစံမြို့နယ်     အောင်နန်းရိပ်သာအနောက်ရပ်ကွက်နေ အာကာကျော်သည် ၎င်းအသုံးပြုသည့် “Arkar Kyaw” Facebook အကောင့်၊ အမရပူရမြို့နယ်  လေးစုရပ်ကွက်နေ သီတာမြင့်(ခ)လုံးလုံး သည်   ၎င်းအသုံးပြုသည့်  “Lone Lone” Facebook အကောင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်  တောင်သူကုန်းရပ်ကွက်နေ မိုင်သီရိထွန်းသည် ၎င်းအသုံးပြုသည့် “Mine Thiri Tun” Facebook အကောင့်တို့သည်  အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ် ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း  အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်း များ၊ ယင်းတို့နှင့်   ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊   လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို   ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ   ပျက်ပြားစေရန်   ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ်   အားပေးကူညီခြင်း   ပြုလုပ်ခဲ့သူ များကို  ဥပဒေနှင့်အညီ  ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နှင့်   ထိုသို့   လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို   ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်