အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်   မေ   ၆


အကြမ်းဖက်အုပ်စုအဖြစ်  ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေ သော အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊  ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

 


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊  တစ်နည်းနည်းဖြင့်ဖြစ်စေ  အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့်  ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို   ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ  ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ   ၃၃(က)နှင့်   တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်  ပြစ်မှုနှင့်သက်ဆိုင်သည့်  ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်   သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်   နိုင်ငံပိုင်   မီဒီယာများမှ  တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရန်ကုန် တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်နေ သန်းလွင်(ခ) ဒါရိုက်တာ မောင်သီသည် ၎င်းအသုံးပြုသည့် “U Thi” Face book အကောင့်၊ ကမာရွတ်မြို့နယ်၊   အမှတ်(၁)ရပ်ကွက်နေ   မေမွန်မြတ်သူသည် ၎င်းအသုံးပြုသည့် “May Mon Myat Thu” Facebook အကောင့်၊ ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တာကောက်ကျေးရွာနေ သာဒွေးသည်   ၎င်းအသုံးပြုသည့် “Thar Dwe” Facebook အကောင့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၀)ရပ်ကွက်နေ ဇော်မင်းဦးသည် ၎င်းအသုံးပြုသည့် “Zaw Min Oo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ  ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့်   ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊  ယင်းတို့နှင့်   ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်    အစိုးရယန္တရားများ   ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား  ဥပဒေနှင့်အညီ  ထိရောက်စွာ  အရေးယူသွား မည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း  မိဘပြည်သူများ သိရှိနိုင် ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။                      

 

သတင်းစဉ်