အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်   မေ    ၁၂


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH၊    NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ် နေသော      အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်           ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေ ပြီး အစိုးရယန္တရားများ ပျက်ပြား စေရန် ရည်ရွယ်လျက်  လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊   ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့်   ပြုလုပ် လျက်ရှိပါသည်။

 


ပြည်သူများအနေဖြင့် ယင်း တို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများ အပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ    လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊       တစ် နည်းနည်းဖြင့်ဖြစ်စေ    အများ ပြည်သူအနှောင့်အယှက် ဖြစ်စေ မည့် ပြုလုပ်မှုများ  ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်      အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ    ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်    ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို   အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  သိမ်း ဆည်းခံရနိုင်ပြီး    ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက   နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း ၂၀၂၂ ခုနှစ်   ဇန်နဝါရီ  ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများ မှတစ်ဆင့်     အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 


ထိုကဲ့သို့ အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး     ဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာနေ နောင်နောင်သည်  ၎င်းအသုံးပြု သည့် “Naung Naung” Face-book အကောင့်၊ မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ်   ရသာ ကျေးရွာနေ ညိုတင်သည်    ၎င်း အသုံးပြုသည့် “Nyo Tin” Face-book အကောင့်၊   မန္တလေးတိုင်း ဒေသကြီး   ကျောက်ပန်းတောင်း မြို့နယ်  ညောင်ချိုင်းကျေးရွာနေ သန့်ဇင်ထွန်း၊     ကျားနေအိုင် ကျေးရွာနေ  သန့်တင်ထွန်း(ခ)မွှေးနီ၊ စိုးရန်ရှင်းတို့သည် ၎င်းတို့ အသုံးပြုသည့် “Thant Zin Htun” Facebook အကောင့်၊ “Thant Tin Htun” Facebook အကောင့်၊ “Soe  Yan  Shin”  Facebook အကောင့်နှင့်      ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၈)ရပ်ကွက်နေ ကမ်းရှမ်း ထန်သည်    ၎င်းအသုံးပြုသည့် “Khan Shan Htan” Facebook အကောင့်တို့သည်    အသိပေး သတင်း   ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍        နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက်  လှုံ့ဆော် ခြင်း၊   ဝါဒဖြန့်ခြင်းများ    ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်   အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ် နေသောအဖွဲ့အစည်းများ၊    လူ ပုဂ္ဂိုလ်များသည်     နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်    အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊   ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီ ခြင်းပြုလုပ်ခဲ့သူများအား   ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်းနှင့်   ထိုသို့ လှုံ့ဆော်သူ၊      ဝါဒဖြန့်သူများ အား ဆက်လက်ဖော်ထုတ်  အရေး ယူ သွားမည်ဖြစ်ကြောင်း     မိဘ ပြည်သူများ သိရှိနိုင်ရေး   အသိ ပေးသတင်းထုတ်ပြန်       အပ်ပါ သည်။


သတင်းစဉ်