အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်    မေ   ၁၃
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊    ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို   ပျက်ပြားစေရန်နှင့်   ပြည်သူလူထုကို   အကြောက်တရားများ ဖြစ်ပေါ်စေပြီး   အစိုးရယန္တရားများ   ပျက်ပြားစေရန်   ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို  လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊   ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့်  ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့်   ပုဒ်မ ၅၀၅-က၊  အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့်    တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်  ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်   သိမ်းဆည်းခံရနိုင်ကြောင်း  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ  ၂၅ ရက်တွင်  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်   အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့       အသိပေး   သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ချင်းပြည်နယ်   ဈေးသစ်ရပ်ကွက်နေ    ပီတာဗန်လာလ်ဟရွှေ(ခ)ပီတာသည် ၎င်းအသုံးပြုသည့် “Peter” Facebook အကောင့်၊ ပဲခူး တိုင်းဒေသကြီး   ဥဿာမြို့သစ်  အမှတ်(၇)ရပ်ကွက်နေ စိုင်းနေလင်း သည်  ၎င်းအသုံးပြုသည့်   “Sai Nay Lin”   Facebook   အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး  ကနီမြို့နယ်နေ    စန်းမင်းသူ(ခ)မင်းမင်း၊ မျိုးနိုင်လင်း(ခ)ဖိုးပိန်တို့သည်   ၎င်းတို့အသုံးပြုသည့်    “Min Min” Facebook အကောင့်၊   “Myo Naing Linn”   Facebook   အကောင့်၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံမြို့နယ်နေ  နီကိုရဲသည် ၎င်းအသုံး ပြုသည့် “Ni Ko Ye” Facebook အကောင့်၊   တာချီလိတ်မြို့နယ်နေ မေဇွန်(ခ)ကရင်မသည်  ၎င်းအသုံးပြုသည့်   “May Zon”  Facebook အကောင့်နှင့်  ကချင်ပြည်နယ်  ရွှေကူမြို့နယ်   ငါးဘက်ကြီးကျေးရွာနေ ယမင်းဖွေးသည်   ၎င်းအသုံးပြုသည့်  “Yamin Phwe” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရား ဥပဒေနှင့်အညီ    ဖမ်းဆီးထိန်းသိမ်း    အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏  လက်အောက်ခံအဖွဲ့အစည်း များ၊  ယင်းတို့နှင့်ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ  ပျက်ပြားစေရန်  ရည်ရွယ်လျက်  လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ  ပြုလုပ်ခဲ့မှုအပေါ်   အားပေးကူညီခြင်း  ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား  ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း   မိဘပြည်သူများ   သိရှိနိုင်ရေး   အသိပေးသတင်း ထုတ်ပြန်အပ်သည်။ 
သတင်းစဉ်