
နေပြည်တော် ဇွန် ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်နေ သက်နွယ် ငြိမ်း (၃၂)နှစ်သည် ၎င်းအသုံးပြုသည့် “Thetnwe Nyein” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက္ကာ(မြောက်)ကျေးရွာနေ ဖြိုးမောင်မောင်(ခ) သန့်ဇင်ကျော်(ခ) ဒိုက်ဒိုက်(၂၂)နှစ် သည် ၎င်းအသုံးပြုသည့် “Dike Dike” Facebook အကောင့်၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ (၁)ရပ်ကွက်နေ ဇင်မာဝင်း (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Zin Mar Win” Facebook အကောင့်၊ ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့ (၅)ရပ်ကွက် အောင်သစ္စာလမ်းနေ ဇွဲရန်နိုင် (၂၀)နှစ်သည် ၎င်းအသုံးပြုသည့် “Zwe Yan Naing” Facebook အကောင့်၊ ဒိုက်ဦးမြို့ မင်းတဲရပ်ကွက် ဆည်မြောင်းလမ်းနေ နေခြည် (ခ) စုနေခြည်သိန်း (၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “Nay Chi” Facebook အကောင့်၊ ပြည်မြို့ နဝင်းရပ်ကွက်နေ စောမင်းဇော် (၄၈)နှစ်နှင့် ရွှေတံခါးရပ်ကွက်နေ မောင်ဝင်း (၅၀)နှစ်တို့ ၂ ဦးသည် ၎င်းတို့အသုံးပြုသည့် “Zaw Win” Facebook အကောင့်နှင့် “Mg Win” Facebook အကောင့်၊ နတ်တလင်းမြို့နယ် သပြေလှကျေးရွာနေ ဝင်းရီ (၅၂)နှစ်နှင့် ကျောင်းစုကျေးရွာနေ အောင်ကျော်ကျော် (၂၁)နှစ်တို့သည် ၎င်းတို့အသုံးပြုသည့် “Win Yi” Facebook အကောင့် နှင့် “Aung Kyaw Kyaw” Facebook အကောင့်၊ ပန်းတောင်းမြို့ ကြခတ်ရပ်ကွက်နေ မိုးသွယ်ကြည် (၄၀)နှစ်သည် ၎င်းအသုံးပြုသည့် “Moe Twel Kyi” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်