အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်  ဇွန်  ၄


အကြမ်းဖက်အုပ်စုအဖြစ်    ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို  အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရား များ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်     မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ    လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း  ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေ မည့် ပြုလုပ်မှုများ  ပြုလုပ်ခြင်း၊  လှုံ့ဆော်ဝါဒဖြန့်မှု  များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ  ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ  ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက် ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ  အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်  ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ  သိမ်းဆည်းခံရနိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေး  သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့  အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ် သော်လည်း   ပဲခူးတိုင်းဒေသကြီး   ပန်းတောင်း မြို့နယ်  ပြည်တော်သာရပ်ကွက်နေ အောင်ချိုဦး သည် ၎င်းအသုံးပြုသည့် “Aung Cho Oo” Face-book အကောင့်၊  မကွေးတိုင်းဒေသကြီး မကွေး မြို့နယ်နေသူများဖြစ်သည့်    ရဲစိုး(ခ)အောင်ရဲစိုး၊ ဇော်မျိုးဦး(ခ)ZO  နှင့်  မင်းမင်းတို့သည်  ၎င်းတို့ အသုံးပြုသည့် “Ye Soe” Facebook အကောင့်၊ “Zaw Myo Oo” Facebook အကောင့်နှင့် “Min Min” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်      အမှတ်(၅)ရပ်ကွက်နေ ဥက္ကာကျော်သည် ၎င်းအသုံးပြုသည့် “Oakkar Kyaw” Facebook အကောင့်၊ တောင်သာမြို့နယ် နေသူများဖြစ်သည့် လှိုင်သဇင်၊ ဖြိုးဝဏ္ဏအောင်(ခ) ဘီလူးနှင့် သီတာအေးတို့သည် ၎င်းတို့အသုံးပြုသည့် “Hlaing Thazin” Facebook အကောင့်၊ “Phyo Wuna Aung” Facebook အကောင့်နှင့် “Thida Aye” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ်နေ  မင်းသွေးခန့်သည် ၎င်းအသုံးပြုသည့် “Min Thawe Khant” Facebook အကောင့်၊  ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နယ်နေ  မြင့်မြတ်မိုရ်မျိုးသည် ၎င်းအသုံးပြုသည့် “Myint Myat Mo Myo” Facebook အကောင့်၊ကျောက်တံခါး မြို့နယ်  ဈေးပိုင်းရပ်ကွက်နေ ခင်မောင်သိုက်သည် ၎င်းအသုံးပြုသည့် “Khin Mg Thike” Facebook အကောင့်နှင့်  ရန်ကုန်တိုင်းဒေသကြီး  စမ်းချောင်း မြို့နယ်  လင်း/တောင်ရပ်ကွက်နေ ကျော်မင်းကို(ခ)Clock သည် ၎င်းအသုံးပြု သည့် “Clock”Facebook  အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက်  တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့  CRPH၊  NUG  နှင့်  ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊    ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့်  အစိုးရယန္တရားများ ပျက်ပြားစေရန်  ရည်ရွယ်လျက်    လှုံ့ဆော်ခြင်း၊    ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများ အား  ဆက်လက်ဖော်ထုတ်  အရေးယူသွားမည်ဖြစ် ကြောင်း   မိဘပြည်သူများ   သိရှိနိုင်ရေး   အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။


သတင်းစဉ်