အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

 

နေပြည်တော်    မေ    ၂၆


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော     အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ်   မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ      လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေ မည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်    ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရ ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်   သိမ်းဆည်းခံရနိုင် ကြောင်း ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်   အသိပေး   သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 


ထိုကဲ့သို့   အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမှတ်(၂၄)ရပ်ကွက်နေ ဇော်ထိုက်နှင့် ကျော်မင်း နိုင်(ခ)ဆံရှည်တို့သည် ၎င်းတို့အသုံးပြုသည့် “Zaw Htike” Facebook အကောင့်နှင့် “Kyaw Min Naing” Facebook အကောင့်၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ဧရာရပ်ကွက်နေ   ခင်မောင်မြင့်(ခ)ဦးဒိတ် သည် ၎င်းအသုံးပြုသည့် “Khin Maung Myint” Facebook အကောင့်၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ် အမှတ်(၁) ရပ်ကွက်နေ   ကျော်ကျော်အောင်သည် ၎င်းအသုံးပြုသည့် “Kyaw Kyaw Aung” Facebook အကောင့်၊ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်  အမှတ်(၂)ရပ်ကွက်နေ ဖိုးခွား(ခ)ဇော်ဇော်ဦး သည် ၎င်းအသုံးပြုသည့် “Zaw Zaw Oo” Facebook အကောင့်၊ ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာနေ စာရင်းစစ်ရုံးမှ ဦးစီးအရာရှိ မို့မို့လွင်သည် ၎င်းအသုံး ပြုသည့် “Jewel Lwin Lwin” Facebook အကောင့် နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တရုတ်စုရပ် ဝါးရုံလမ်းနေ လှိုင်ကိုမင်းသည်   ၎င်းအသုံးပြုသည့် “Khin Thu” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ်        မျက်ကွယ်ပြု၍     နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက်   တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း   အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

 


ထိုကဲ့သို့    CRPH ၊    NUG နှင့်     ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ် နေသော     အဖွဲ့အစည်းများ၊    လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ  ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်း   ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ   သိရှိနိုင်ရေး   အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။                        

သတင်းစဉ်