အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ကြသည့် ဖြိုးဇေယျာသော်(ခ) မောင်ကျော်(ခ)ရေခဲနှင့် ကျော်မင်းယု(ခ)ဂျင်မီ တို့ကို သေဒဏ်အမိန့်ချမှတ်

 

နေပြည်တော်   ဇန်နဝါရီ  ၂၁

 


ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၁)ရပ်ကွက် ရတနာလမ်း ရတနာနှင်းဆီအိမ်ရာနေ ဖြိုးဇေယျာသော်(ခ)မောင်ကျော်(ခ)ရေခဲ(ဘ) ဦးမြသော် သည် အကြမ်းဖက်အဖွဲ့အစည်းများအား   ထောက်ပံ့ရန်အတွက် ၎င်းပိုင်ဆိုင်သည့် နေအိမ်များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ်ကွက်  သုခိတာလမ်း အမှတ်(၆၇)ရှိ နေအိမ်၌ လက်နက်မျိုးစုံ ၁၇၈ လက်၊ ကျည်အိမ်မျိုးစုံ အခု ၁၃၀၊ ကျည် မျိုးစုံ အတောင့် ၈၅၆၀၊ ဗုံးသီးမျိုးစုံ ၃၂ လုံး၊  ရှေ့ထွက်မိုင်း ခြောက်လုံးအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် (ခ/င)ရပ်ကွက်   ပြည်သာယာလမ်းသွယ်(၄)လမ်းရှိ  နေအိမ်၌ လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ အတောင့် ၅၂၀၀ တို့အားလည်းကောင်း သိမ်းဆည်းထားရှိ ခြင်းဖြင့် အကြမ်းဖက်သမားကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ၊ လက်နက်ခဲယမ်း မီးကျောက် များကို  ထောက်ပံ့မှုပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်းထား ခြင်းကြောင့်လည်းကောင်း၊   ပြည်ထောင်စုသမ္မတ   မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့် ကြေညာစာအမှတ်(၂/၂၀၂၁)ဖြင့်   အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊  ၎င်းတို့၏ လက်အောက်ခံ Moon   Light   Operation  အဖွဲ့များနှင့်  Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော် ခြင်း၊ ၎င်းတို့အား မထောက်ခံသူများ၊ လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကို  ပစ်ခတ်သတ်ဖြတ်ရန်အတွက် လက်နက်ငှားရမ်းထောက်ပံ့ပေးမှု ၃၅ ကြိမ်၊ လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့မှု ၁၁ ကြိမ်၊ ဖောက်ခွဲ ဖျက်ဆီးမှုအနေဖြင့် အစိုးရအဆောက်အဦများ အကြိမ် ၃၀၊ အုပ်ချုပ်ရေးမှူးရုံးများ ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးဝန်းကျင် ၂၅ ကြိမ်၊ က.ည.န ရုံးနှင့် အနီးဝန်းကျင် ၉ ကြိမ်၊ CCTV Control Box ၅ ကြိမ်၊ အများပြည်သူ နှင့်ဆိုင်သောနေရာများကို အကြိမ် ၆၀၊ ဘာသာရေး အဆောက်အဦများ ၂ ကြိမ်၊ စာသင်ကျောင်း ၃ ကြိမ်၊ ယာဉ်ထိန်းရုံးများ ၁၂ ကြိမ် ပြုမှုလုပ်ဆောင်စေခဲ့ခြင်း နှင့် အဆိုပါအကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်ခြင်းကြောင့်လည်း ကောင်း၊ ပြည်ပရောက်နေသူများထံမှ အလှူငွေများ ကောက်ခံပြီး ကောက်ခံရရှိသည့် အလှူငွေများအား အကြမ်းဖက်လုပ်ငန်းများ   လုပ်ဆောင်ရန်အတွက် ငွေကြေးများထောက်ပံ့ခြင်း၊ လက်နက်/ခဲယမ်းများ ဝယ်ယူထောက်ပံ့ပေးခြင်းဖြင့်      တရားဝင်သော နည်းလမ်းဖြစ်စေ၊   တရားမဝင်သော   နည်းလမ်း ဖြစ်စေ၊   ရရှိသည့်  ရန်ပုံငွေအားလုံး  (သို့မဟုတ်) တစ်စိတ်တစ်ဒေသကို အကြမ်းဖက်သမားတစ်ဦးဦး (သို့မဟုတ်) အကြမ်းဖက်အုပ်စုတစ်ခုခု အသုံးပြုရန် ရည်ရွယ်၍   ဥပဒေနှင့်မညီဘဲ   တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ကောက်ခံခြင်း(သို့မဟုတ်) ထောက်ပံ့မှုပြုလုပ်ခြင်းဖြင့်        ငွေကြေးဆိုင်ရာ ထောက်ပံ့မှု    ပြုလုပ်ခဲ့ခြင်းတို့ကြောင့်     လည်း ကောင်း။

 


သေဒဏ်အမိန့်ချမှတ်


ရန်ကုန်တိုင်းဒေသကြီး      အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် သရက်ခြံ(၁)လမ်းနေ ကျော်မင်းယု (ခ)ဂျင်မီ (ဘ)ဦးတင်ယုသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုအဖြစ်    သတ်မှတ်ထားသော CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ကို    မြန်မာနိုင်ငံအတွင်း   အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှု     လုပ်ဆောင်ရာတွင်   အသုံးပြုမည့် လက်နက်ခဲယမ်းထောက်ပံ့ရန်အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၂၇)ရပ်ကွက် ပင်လုံ အိမ်ရာ မြနှင်းဆီလမ်းရှိ နေအိမ်၌ AK-47  ခြောက် လက်၊  M-16   ရှစ်လက်၊  ၁၂  ဗို့ နှစ်လက်၊ တူမီး တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၈ ခုအား သိုဝှက်သိမ်း ဆည်းခြင်းဖြင့် အကြမ်းဖက်မှုကိုဖြစ်စေ၊ အကြမ်းဖက် အုပ်စုတစ်ခုခု၏  အဖွဲ့ဝင်ကိုဖြစ်စေ၊   လက်နက်၊ ခဲယမ်းမီးကျောက်များ ထောက်ပံ့မှု ပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်းခြင်း၊  အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH ၊ NUG ၊ PDF အမည်ခံ    အကြမ်းဖက်အဖွဲ့များနှင့်  ၎င်းတို့၏ လက်အောက်ခံဖြစ်သည့်  Moon Light  Operation အဖွဲ့များနှင့်  Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ ဌာန ဆိုင်ရာရုံးများနှင့် နယ်မြေခံတပ်များအား တိုက်ခိုက် ဖောက်ခွဲဖျက်ဆီးရန်အတွက် အကြံပေးအဖြစ် ပါဝင် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ် ကြေညာထားသည့် CRPH၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ ဖြစ်သည့် “နွေဦးကံ့ကော်” အဖွဲ့သို့ လက်နက်ခဲယမ်း များ ဝယ်ယူ/ပြုလုပ်ရန်အတွက် ငွေကြေးလွှဲပြောင်း ထောက်ပံ့ပေးခြင်း၊   UMCD  အဖွဲ့နှင့်  ပူးပေါင်း၍ အမေရိကန်ဒေါ်လာ  သိန်း   ၁၀၀၀  ခန့် တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သည့် 3D Printer ဝယ်ယူရန် NUG အကြမ်းဖက်အဖွဲ့သို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့ ရန်  အမေရိကန်ဒေါ်လာများဝယ်ယူ၍    မြန်မာငွေ ဖြင့်    လဲလှယ်ပေးမှုများ   အကြိမ်ကြိမ်ဆောင်ရွက် ခဲ့ခြင်းဖြင့်   အကြမ်းဖက်လုပ်ငန်းများ  ဆောင်ရွက် ရာတွင် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်တွင် ၎င်းတို့နှစ်ဦးကို    “သေဒဏ်”  အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

 


ထိထိရောက်ရောက် အရေးယူ


စစ်အုပ်ချုပ်ရေးအမိန့်  ထုတ်ပြန်ကြေညာထား သည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့်   အဆိုပါပြစ်မှုများကို  ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍  စစ်ဆေးမှုများ ဆောင် ရွက်ကာ   ထိထိရောက်ရောက်   မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိ သည်။

သတင်းစဉ်