အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများကို ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၆


ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာဒုံ မြို့နယ်  အောင်မင်္ဂလာကားဝင်းနေ နိုင်လင်းအောင် (ခ)  အီးကွဲ  (ခ) ဒဗလျူ (ဘ)  ဦးအောင်ဆန်းဝင်း သည် အကြမ်းဖက်မှု တိုက်ဖျက် ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၂၁) ဖြင့် အကြမ်း ဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့်    အဖွဲ့အစည်း များနှင့်   ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံ          ထောက်ပံ့ခြင်း၊     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့   နယ်မြေအတွင်း      အကြမ်းဖက် သင်တန်း       တက်ရောက်ခြင်း၊ လက်နက်၊      ခဲယမ်းများနှင့် လက်လုပ်ဗုံးများ သယ်ဆောင်ပေး ခြင်းဖြင့်            အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုဆိုင်ရာ      ပြစ်မှုကို   ကျူးလွန်ခဲ့ခြင်းအတွက်ကြောင့်လည်းကောင်း၊       မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်    အမှတ် (၂)  သိင်္ဂီလမ်း ကျောင်းပိုင်း ရပ်ကွက် နေ အောင်ဘုန်းကျော် (ခ) ဇီးရိုး တူး (ဘ) ဦးရန်လင်းအောင်သည် တိုင်းရင်းသား   လက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း     အကြမ်း ဖက်သင်တန်း          တက်ရောက်ခြင်း၊ အကြမ်းဖက်မှု     တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏    အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)  ဖြင့် အကြမ်း ဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်း များနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ထောက်ပံ့မှုများ လက်ခံရယူခြင်း နှင့် ချုံခိုတိုက်ခိုက်ရာတွင် ပါဝင် ခဲ့ခြင်းဖြင့်    အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊    အသက် အိုးအိမ်      စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ (သို့မဟုတ်) တစ်ဦး တစ်ယောက်အတွက်   အရေးကြီး သော    အခြေခံအဆောက်အအုံ များကိုဖြစ်စေ၊          နိုင်ငံပိုင် အဆောက်အအုံကို        ဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်ခဲ့ခြင်းကြောင့်        လည်း ကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀ (က) တို့အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၅  ရက်တွင်  ၎င်းတို့ အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်       အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။

 


စစ်အုပ်ချုပ်ရေး       အမိန့် ထုတ်ပြန်   ကြေညာထားသည့် မြို့နယ်များအတွင်း  စစ်ခုံရုံးဖြင့်  စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃  မျိုး ကိုလည်း    ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့်   အဆိုပါပြစ်မှုများကို   ဖောက်ဖျက်     ကျူးလွန်ပါက   စစ်ခုံရုံးဖွဲ့၍  စစ်ဆေးမှုများဆောင် ရွက်ကာ     ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်     အရေးယူ ဆောင်ရွက်လျက်     ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်