အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော် ဒီဇင်ဘာ  ၁၇


ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊  အမှတ်(၂၄) ရပ်ကွက်နေ  ရာအိမ်မှူးတစ်ဦးကို ဇူလိုင် ၂၈  ရက်တွင် ထက်ပိုင်စိုး(ခ)ဖိုးထက် (ဘ)ဦးစိုးသန့် အပါအဝင် အမျိုးသားငါးဦးတို့သည် သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံပစ်ခတ်ခဲ့သဖြင့်  စစ်အုပ်ချုပ်ရေး  (Martial   Law)  စစ်ခုံရုံးဖွဲ့၍  စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့ငါးဦးအား “သေဒဏ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 


အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်၊ အမှတ်(၁၃)ရပ်ကွက်၊ မိတ္ထီလာ လမ်းနေ   အောင်ပိုင်  (ခ)  ဖိုးကဲ  (ဘ) ဦးအောင်ကျော်ဆန်းသည် ဖေဖော်ဝါရီလ မှ   နိုဝင်ဘာလအတွင်း   ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင်      တက်ကြွစွာပါဝင် လှုပ်ရှားခြင်း၊       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊       အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏     အမိန့် ကြော်ငြာစာအမှတ်   (၂/၂၀၂၁)  ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊    ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို    ဆောင်ရွက်ခဲ့ သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(က)အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းအား    “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အမိန့်   ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများ အနက်မှ  ထွက်ပြေးလွတ်မြောက်နေသူ များအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊   ၈၈  အရ ဖမ်းဝရမ်းထုတ်ဆင့်ရန်  အမိန့်ချမှတ်ခဲ့ ကြောင်း သိရှိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့်  စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း    ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့်        အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ   ထိထိ ရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။            
                   

သတင်းစဉ်