
ထားဝယ် ဇွန် ၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ် သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေး တွင် နောက်ကျကျန်ရစ်မှု မရှိစေရေးအတွက် ပညာ သင်ကြားနိုင်မှု အခွင့်အလမ်းများကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ရာCRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်သောင်းကျန်းသူများကအနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစား များ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ကျောင်းတက်ရန် ကျောင်းသား ကျောင်းသူများစီးနင်းလိုက်ပါလာသော မော်တော် ယာဉ် တစ်စီးအား လောင်းလုံးမြို့နယ် ပဉ္စသီမော် ကျေးရွာအနီးတွင် လောင်းလုံး PDF အကြမ်းဖက် အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်း၌ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ များ ပစ်ခတ်ထားခဲ့သည့် ဗုံးသီးတစ်လုံးပေါက်ကွဲမှု ကြောင့် ကျောင်းသား တစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးသီးပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျောင်းသား ကျောင်းသူ များနှင့် အပြစ်မဲ့ပြည်သူများအား အမှတ်(၁၂)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)နှင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးတို့၌ လိုအပ်သော ဆေးကုသမှုများ ပြုလုပ် ပေးနေစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက တစ်ဦးချင်း၏ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ဆေးကုသ ပေးနေမှုများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)