အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိ၊ လူနေအိမ်အချို့နှင့် မူလတန်း(လွန်)ကျောင်းဆောင်တစ်ခုပျက်စီး

နေပြည်တော်   ဇူလိုင်   ၄
အကြမ်းဖက်     သောင်းကျန်းသူများသည် အေးချမ်းစွာ       နေထိုင်လျက်ရှိသော အရပ်သားပြည်သူများနေထိုင်ရာ      မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌  တိုက်ပွဲ များ ဖော်ဆောင်ခြင်း၊  Drop Bomb များ ဖြင့် တိုက်ခိုက်ခြင်း၊  ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ   လုပ်ဆောင် လျက်ရှိရာ   ဇူလိုင်  ၃  ရက်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)  လားရှိုးမြို့အတွင်း သို့     အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့်     ရှော့တိုက်ဒုံးများသည် ရပ်ကွက်(၁)    နယ်မြေ  (၃)  အတွင်းသို့ လည်းကောင်း၊ ရပ်ကွက် (၁၀) နီလာလမ်း ပေါ်သို့လည်းကောင်း၊    ရပ်ကွက် (၅)၊ နယ်မြေ(၁) ရှိ   ပန်အုပ်ဘုန်းကြီးကျောင်း ဝင်းအတွင်းသို့လည်းကောင်း၊ ရပ်ကွက်(၄)၊ နယ်မြေ(၃)အတွင်းသို့  လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့်  အသက်(၁၂) နှစ်နှင့် (၁၄)နှစ်အရွယ် ကလေးသုံးဦး အပါ အဝင် အပြစ်မဲ့ဒေသခံပြည်သူခုနစ်ဦး သေဆုံး ပြီး  ပြည်သူအချို့  ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းကို သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ယနေ့တွင်လည်း      အကြမ်းဖက် သောင်းကျန်းသူများသည်        လားရှိုးမြို့ အတွင်းသို့  ရှော့တိုက်ဒုံးများဖြင့်  ပစ်ခတ် ခဲ့ရာ  နံနက် ၈ နာရီ  မိနစ်၂၀ ခန့်တွင်  ရပ်ကွက် (၉)   နယ်မြေ (၃)  စိန်ပန်းလမ်း ရှိ    လူနေအိမ်များပေါ်သို့လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်တွင်    ရပ်ကွက်(၉) နယ်မြေ (၁)  စံပယ်လမ်းရှိ လူနေအိမ်များ ပေါ်သို့လည်းကောင်း၊ နံနက် ၁၀ နာရီခွဲ ခန့်တွင် ရပ်ကွက်(၉) နယ်မြေ(၁) ကြံတိုင်း အောင် လမ်းပေါ်ရှိ လူနေအိမ်များပေါ်သို့ လည်းကောင်း ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့သဖြင့်       အပြစ်မဲ့ပြည်သူ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးခဲ့ကာ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး  စုစုပေါင်း နှစ်ဦး    ပြင်းထန်စွာ   ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့်  အဆိုပါ  ဒဏ်ရာရရှိသူ များအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍       ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူ များသည်    နံနက်   ၁၁    နာရီခန့်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ လားရှိုး မြို့ ရပ်ကွက်(၉)  နယ်မြေ (၂) အတွင်းရှိ အမှတ် (၁၅) အခြေခံပညာမူလတန်း(လွန်)ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်များ  ထိခိုက်ပျက်စီးသွားခဲ့ ကြောင်း သိရှိရသည်။
အကြမ်းဖက်  သောင်းကျန်းသူများ သည်  လားရှိုးမြို့ရှိ  လူနေရပ်ကွက်များ အတွင်းသို့  ဇူလိုင် ၃ ရက်မှစ၍ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့ အထိ အပြစ်မဲ့ပြည်သူ အသက် ၁၂ နှစ်နှင့် ၁၄    နှစ်အရွယ်      ကလေးငယ်    သုံးဦး အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ အချို့ ပြင်းထန်စွာ   ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများ အေးချမ်း စွာ   နေထိုင်လျက်ရှိသော   မြို့၊ ရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းနှင့် တိုက်ပွဲများ  ဖော်ဆောင်ခြင်းများ လုပ်ဆောင်မှုကြောင့်     မြို့၊   ရွာများရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ် များနှင့်  စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာ  အဆောက်အဦများ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး  ပြည်သူလူထု ၏ အသက်အိုးအိမ်ကို  ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ  ဒေသခံပြည်သူများက ထိုသို့  အကြမ်းဖက်      သောင်းကျန်းသူများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိပြီး  လုံခြုံရေး တပ်ဖွဲ့ဝင်များက  လိုအပ်သော  လုံခြုံရေး လုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း ကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။               သတင်းစဉ်