အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မင်းကင်းမြို့နယ် ဇနဗျင်းကျေးရွာရှိ ကလေးငယ်တစ်ဦး သေဆုံး

 

နေပြည်တော်  ဇန်နဝါရီ   ၁၂


စစ်ကိုင်းတိုင်းဒေသကြီး  မင်းကင်းမြို့နယ်အတွင်း   လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲ ခန့်တွင် ဇနဗျင်းကျေးရွာအဝင်သို့ရောက်ရှိစဉ်   အကြမ်းဖက်သမား များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

 


ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေး စိတ် စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏   ပစ်ခတ်မှုကြောင့်  သေဆုံးခဲ့သည့်  အသက် ၁၀ နှစ်အရွယ် မောင်အောင်ကျော်ဟိန်းအား အဆိုပါကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း၌ တွေ့ရှိခဲ့သဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး   လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်